၂၂ ဩဂုတ် ၂၀၂၄

လာအိုနိုင်ငံ လုံခြုံရေးအဖွဲ့တွေက မြန်မာနှင့်ထိုင်းနယ်စပ်ဖြစ််တဲ့ ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်းမှာ အွန်လိုင်းလိမ်လည်မှု   တွေပြုလုပ် နေကြတဲ့ ကွန်ယက်တစ်ခုမှာပါဝင်တဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် လူ ၈၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါ    တယ်။

အဆိုပါ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ဟာ လာအိုနိုင်ငံ ဘိုကီအိုပြည်နယ်မှာတည်ရှိပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ ကာစီနိုတွေနှင့် ဟိုတယ်တွေ အများအပြားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း အဲဒီနေရာဟာ တရားမဝင်လှုပ်ရှားမှုတွေ အတွက် သံသယဖြစ်စရာပင်မနေရာတစ်ခုဖြစ်လာခဲ့တယ်လို့ အေအက်ဖ်ပီကသတင်းရေးသားပါတယ္။

ဩဂုတ် ၁၂ရက်က အာဏာပိုင်တွေဟာ  စုစုပေါင်း ၇၇၁ ဦးနှင့်အတူ အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းကိုဖမ်းဆီးမိခဲ့တယ်  လို့သိရပါ  တယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသား ၄၈၉ဦးနှင့် အမျိုးသမီး ၂၈၂ ဦးဖြစ်ပြီး သူတို့ဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဖြစ်ကြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ လာအို၊မြန်မာနှင့်တရုတ်နိုင်ငံသားတွေအများဆုံးဖြစ်ပြီး ဘူရွန်ဒီ၊ကိုလံဘီယာ၊အီသီယိုပီးယား၊ ဂျော်ဂျီယာ၊အိန္ဒိယ၊ အင်ဒိုနီးရှား၊ မိုဇမ်ဘစ်၊တူနီးရှား၊ ဖိလစ်ပိုင်၊ ယူဂန်ဒါနှင့် ဗီယက်နမ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့ သတင်းက ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်အာဏာပိုင်တွေထံလွှဲပေးခဲ့ပြီး ကျန်နိုင်ငံသားတွေကိုတော့ သူတို့ရဲ့ သက်ဆိုင်ရာ သံရုံးတွေထံ လွှဲပေးမယ်လို့ သိရပါတယ်။

Ref AFP