၂၃ ဩဂုတ် ၂၀၂၄

ယမန်နေ့ကပျက်ကျခဲ့တဲ့ ထိုင်းစင်းလုံးငှားလေယာဉ်တွင်လိုက်ပါသွားသူ အားလုံး သေဆုံးကုန်ပြီလို့ မှတ်ယူရလိမ့်မယ်လို့ ကယ်  ဆယ်ရေး သမားတွေကပြောပါတယ်။

Cessna Caravan C208B အမျိုးအစား စင်းလုံးငှားလေယာဉ်ဟာ ယမန်နေ့ကြာသပတေးနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘူမိ လေဆိပ်မှ ပျံတက်ခဲ့ပြီး ၁၁မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လူ (၉)ဦးလိုက်ပါသွားပြီး ထိုသူတို့မှာ တရုတ်နိုင်ငံမှ ခရီးသွား (၅)ဦးနှင့် လေယာဉ်မှူးများအပါအဝင် ထိုင်းနိုင်ငံသား (၄) ဦးတို့ဖြစ်ကြပါတယ်။

လေယာဉ်ဟာ ဘန်ကောက်မြို့ အရှေ့တောင်ဖက် ၆၂မိုင်ခန့်အကွာမှာ ထိုးစိုက်ပျက်ကျသွားခဲ့တာပါ။

“ ရုပ်အလောင်းတွေအများကြီးတွေ့ရတယ်” လို့ ချချိုအင်ဆောင်ပြယ်နယ်အုပ်ချုပ်ရေးမှူး ချွန်လက်တီယွန်တရောင်းက ပြောပါတယ်။  လေယာဉ်ဟာ ဒေါင်လောက်စောက်ထိုးဆင်းသွားတာဖြစ်လို့ မြေကြီးကို ၃၃ပေလောက်တူးဖော်ရမယ် လို့လည်း သူကပြောပါတယ်။

Thai Flying Service ကုမ္ပဏီမှာ မှတ်ပုံတင်ထားတဲ့ အဆိုပါ လေယာဉ်ဟာ ဘန်ကောက်မှ အရှေ့ပိုင်း တရက်ပြည်နယ်ကို ဦးတည် ပျံသန်းရင်းပျက်ကျခဲ့တာဖြစ်ပါတယ်။

Source: Reuters