#World_Science
Published 22 August 2024


▪️ တရုတ်ပြည်မှာတွေ့ရတဲ့ ရှားပါးကွဲပြား ဒိုင်နိုဆောမျိုးစိတ်တွေရဲ့ ခြေရာတွေကြောင့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ အံ့အားသင့်နေရပါတယ်။

 

▪️ ထိုအချိန်က ရေတွေအနီးနားမှာ နေထိုင်ခဲ့တဲ့ ကြက်အရွယ်အစား ဒိုင်နိုဆောတွေရဲ့ ခြေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ ဒီခြေရာတွေကြောင့် ဒိုင်နိုဆောကနေ ငှက်တွေအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံ ပဟေဌိကို ဖြေရှင်းပေးနိုင်မယ့် အထောက်အထား ဖြစ်လာပါတယ်။

 

▪️ ကြက်အရွယ်အစား ဒိုင်နိုဆောတွေမှာ ခြေချောင်း ၃ ချောင်းရှိပြီး လူလက်မထက် မကြီးကြပါဘူး။ ထိုအမျိုးအစားက မီနီဆော်ရီပက်စ်လို့ခေါ်တဲ့ အသေးဆုံး ဒိုင်နိုဆောအဖွဲ့ထဲမှာ ပါဝင်ပါတယ်။



▪️ ဒီအမျိုးအစားတွေကို သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာတွေကြောင့်သာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဒီခြေရာတွေကို တရုတ်အနောက်မြောက်ပိုင်း ကန်ဆုမှ သိပ္ပံပညာရှင်များ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

 

▪️ မီနီဆောရီပက်စ်တွေက ငှက်တွေရဲ့ ဦးဆုံးတိုက်ရိုက်မျိုးနွယ် မဟုတ်ပေမယ့် ဆင့်ကဲပြောင်းလဲရာမှာ အဓိကပါဝင်နေပါတယ်။

 

▪️ ခရီတေရှပ်စ်ခေတ် အပူချိန်ပူနွေးတဲ့အချိန်တုန်းက ထိုဒိုင်နိုဆောတွေ ကမ္ဘာပေါ်မှာ လှည့်ပတ်သွားလာနေခဲ့ပါတယ်။

 

▪️ ထိုအချိန်မှာ တိုင်ရန်နိုဆောရပ်ရက်စ်နဲ့ ထရိုင်ဆရာတော့ပ်စ်လိုမျိုး ဒိုင်နိုဆောအသစ်တွေလည်း ထွက်ပေါ်လာပါပြီ။

 

▪️ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ သုတေသီများက အရွယ်အစား ၁ - ၃ စင်တီမီတာကြားရှိ ခြေချောင်း ၃ ချောင်းပါ ရုပ်ကြွင်းခြေရာ ၅ ခုကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

 

▪️ ယင်းတို့ရဲ့ အရွယ်အစားက ၂၅ စင်တာခန့်ရှိပြီး အမြီးက တဝက်ခန့်လောက်ရှိကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တွဲဖက်ပရော်ဖက်ဆာ ရှင်လီဒါက ပြောပြပါတယ်။

 

▪️ ဒီတွေ့ရှိမှုကြောင့် ဒိုင်နိုဆော မျိုးကွဲတွေအကြောင်း ပိုမိုသိရှိလာနိုင်ပြီး ငှက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံကို နားလည်နိုင်ရန် အကူအညီဖြစ်စေမယ့် ယုံကြည်နေကြပါတယ်။

 

▪️ ဒီလိုမျိုး အကောင်သေးလေးတွေက ပြောင်းလဲမှုဖြစ်စဉ်မှာ အဓိကကျနေတယ်လို့ ပြောသွားပါတယ်။

 

#Source: WION