#World_Health
Published 15 August 2024


▪️ မာဒရက်စ်ဆီးချိုသုတေသန ဖောင်ဒေးရှင်း(MDRF)က ဆီးချိုရောဂါ ဒုတိယအမျိုးအစား လူနာတွေမှာ သကြားတု ဆူခရယ်လို့စ်က နှလုံးနဲ့ ဇီဝဖြစ်စဉ် ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ ဆိုတာကို လေ့လာဖော်ပြခဲ့ပါတယ်။

 

▪️ အချိန် ၁၂ ပတ်ကြာအောင် ဆီးချိုရောဂါသည် အိန္ဒိယလူမျိုး ၁၇၉ ယောက်ကို သုတေသနပြုလုပ်ပြီး သကြားနေရာမှာ သကြားတုပစ္စည်းဖြင့် အစားထိုးစမ်းသပ်ခဲ့ပါတယ်။

 

▪️ ထိုအခါမှာ သကြားတုကို ကော်ဖီ လက်ဖက်ရည်တို့မှာ အနည်းငယ်ထည့်သောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ဆိုးဆိုးရွားရွား မထိခိုက်စေခဲ့ပါဘူး။

 

▪️ ခန္ဓာကိုယ်အလေးချိန်၊ ခါးအရွယ်အစား၊ BMI တို့ကတော့ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။



▪️ အိန္ဒိယမှ ဆီးချိုရှိသူအများစုဟာ ကော်ဖီ လက်ဖက်ရည်သောက်တဲ့အခါ သကြားအသုံးပြုကြပြီး ကာဗိုဟိုက်ဒရိတ်တွေလည်း အစားများတာကြောင့် ဆီးချိုဖြစ်နိုင်ခြေ များစေပါတယ်။



▪️ သကြားတုတွေထဲမှာ အမျိုးအစား ၂ မျိုးရှိပြီး ကယ်လိုရီပါတဲ့ ဖရပ်တို့စ်လိုမျိုး အမျိုးအစားနဲ့ ကယ်လိုရီမပါတဲ့ အမျိုးအစားဆိုပြီး ဖြစ်ပါတယ်။

 

▪️ စမ်းသပ်ရာမှာ သကြားဆက်လက် အသုံးပြုစေတဲ့အဖွဲ့နဲ့ သကြားအစား ဆူခရယ်လို့စ် အစားထိုးတဲ့ အဖွဲ့ဆိုပြီး ခွဲခြားခဲ့ပါတယ်။

 

▪️ ထိုအခါမှာ သကြားတုသုံးစွဲတဲ့အဖွဲ့က ကိုယ်အလေးချိန်၊ BMI ၊ ခါးအရွယ်အစား ကျဆင်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ဒါကြောင့် သကြားတုတွေကို အနည်းငယ်မျှ သုံးစွဲခြင်းက အကျိုးရှိနိုင်တယ်လို့ ယူဆလာကြပါတယ်။

 

▪️ ဒီလေ့လာချက်ကို Zydus Wellness မှ ထောက်ပံ့ပေးပြီး သကြားတုကို အရည်၊ အမှုန့်ပုံစံတွေနဲ့ သုတေသနပြု ထုတ်လုပ်နေပါတယ်။

 

#Source: India Today