#World_Health
Published 21 August 2024


▪️ ရေချိုးတဲ့အခါ လူတွေသန့်ရှင်းရေးလုပ်ဖို့ ကျော်သွားတတ်တဲ့ နေရာ ၃ ခုကို ဗာဂျီးနီးယားမှ ဒေါက်တာ ဂျေဆန်ဆင်းက ဖော်ပြသွားပါတယ်။

 

▪️ ချက်၊ ခြေထောက်နဲ့ နားရွက်တို့အကြောင်းကို ဆင်းက တစ်တော့မှာ ပြောသွားပါတယ်။

 

▪️ ချက်နေရာဟာ အတွင်းကျတဲ့ နေရာဖြစ်ပြီး စိုစွတ်နေတတ်တာကြောင့် ဘက်တီးရီးယားတွေ မှိုတွေ ပေါက်ဖွားနိုင်ကာ ရောဂါပိုးဝင်ရောက်နိုင်ပြီး အနံ့ဆိုးထွက်နိုင်ကြောင်း ရှင်းပြပါတယ်။

 

▪️ ချက်က အတွင်းကိုဝင်နေတဲ့ သူတွေအနေနဲ့ နားကြပ်တံထိပ်ဖြင့် အသုံးပြုနိုင်ပြီး ချက်က အပြင်ဘက်ကို ထွက်နေတဲ့သူတွေကတော့ အဝတ်စဖြင့် ပွတ်တိုက်နိုင်ကြောင်း၊ တစ်ပတ်ကို ၁ ကြိမ် ၂ ကြိမ်ခန့် သန့်ရှင်းသင့်ကြောင်း Teen Vogue မှာလည်း ဖော်ပြထားပါတယ်။

 

▪️ နောက်တစ်နေရာက ခြေထောက်ဖြစ်ပြီး ခြေဖဝါးဟာဆိုရင် ချွေးဂလင်းတွေ ပိုများကြောင်း ပြောပါတယ်။

 

▪️ ချွေးထွက်တဲ့အပြင် ပူနွေးစိုစွတ်တဲ့အခါမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားရာနေရာ ဖြစ်လာပါတယ်။

 

▪️ ခြေထောက်သန့်ရှင်းရေး အားနည်းပြီး အရေပြားမှာ အနာဖြစ်တဲ့အခါ ပိုးဝင်ရောက်ကာ ရောဂါဖြစ်လာတတ်ပါတယ်။

 

▪️ ခြေအိတ်ဝတ်သူတွေ၊ ဖိနပ်ကြပ်ကြပ် စီးသူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ အနေနဲ့ ခြေချောင်းကြားတွေကို ဆေးကြောပေးဖို့ အထူးလိုအပ်ပါတယ်။

 

▪️ နောက်တစ်နေရာကတော့ နားရွက်နောက်ဖက် ဖြစ်ပါတယ်။

 

▪️ ထိုနေရာမှာ အဆီထုတ်တဲ့ ဂလင်းတွေရှိပြီး အဆီထုတ်ပေးတာကြောင့် ချွေးနဲ့ ဖုန်မှုန့်တွေ ရှိနေတတ်ပါတယ်။

 

▪️ အရေပြားက ခေါက်နေတာကြောင့် ဘက်တီးရီးယားတွေ အလွန်ပေါက်ဖွားနိုင်ကာ ဆံပင်နဲ့လည်း နီးကပ်တာကြောင့် အညစ်အကြေးတွေ စုပြုံနေတတ်ပါတယ်။

 

▪️ ဒီနေရာတွေဟာ အခြားနေရာတွေထက် သန့်ရှင်းလုပ်လေ့ မရှိတာကြောင့် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားနိုင်တယ်လို့ ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်မှ ညွှန်ကြားရေးမှူး ကိသ်ခရန်ဒေါလ်က ပြောပါတယ်။



▪️ ယင်းတို့အဖွဲ့က ထို ၃ နေရာမှ အရေပြားနမူနာများရယူပြီး စမ်းသပ်ခဲ့ကြပါတယ်။

 

▪️ ထိုအခါမှာ မသန့်ရှင်းတဲ့ ပိုးမွှားတွေ စုပြုံနေတာကို တွေ့ခဲ့ကြပါတယ်။

 

▪️ ဒါ့အပြင် ချိုင်းကြား၊ ပေါင်ကြားတို့ဟာလည်း သေချာသန့်ရှင်းဖို့လိုကြောင်း ဖော်ပြသွားပါတယ်။

 

▪️ ဖုံးကွယ်နေတဲ့ အရေပြားမှန်သမျှကို အထူးဂရုစိုက် သန့်ရှင်းပေးသင့်ပြီး ရေချိုးပြီးနောက်မှာလည်း စိုစွတ်မှုမကျန်အောင် သုတ်သင်သင့်တယ်လို့ ပြောသွားပါတယ်။

 

#Source: New York Post