၁၈ ဩဂုတ် ၂၀၂၄

ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် မြန်မာ အမျိုးသမီးငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ထိုင်း ပြည်တွင်းသတင်းမီဒီယာတွေကဖော်ပြကြပါတယ်။

သေဆုံးသူအမျိုးသမီးမှာ  အသက် ၁၅ နှစ်အရွယ် နမ် ဖူးအင် ဆိုသူဖြစ်တယ်လို့သိရပြီး    ပက်တုန်မှ ဖူးကက်မြို့သို့  အဖွဲ့လိုက်ကားဖြင့် ဩဂုတ် ၁၇ ရက်ကခရီးသွားနေစဉ်မော်တော်ဆိုင်ကယ်သမားနှစ်ဦးက ကားနား ချည်းကပ်လာကာ  တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

သူတို့ဟာ ဖူးကက်လိုင်စင်ပြားတပ် တိုယိုတာ ပစ်ကတ်ကားအဖြူဖြင့် ခရီးသွားနေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစ်တီပေါင်ဂျန်တဝန်က ယာဉ်ကို မောင်းနှင်လာကာ  ရှေ့ခန်းမှာ အသက် ၂၁နှစ်အရွယ် နာတာဝတ်က ယာဉ်မောင်းဘေးမှာ လိုက်ပါခဲ့တာပါ။ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးငယ် နမ် ဖူအင်က နာတာဝတ်ပေါင်ပေါ်ထိုင်လိုက်ပါလာတာလို့ ထိုင်း   မီဒီယာတွေက ရေးသားပါတယ်။

မော်တော်ဆိုင်ကယ်စီးလာတဲ့ သံသယတရားခံနှစ်ဦးက အသက် ၁၇နှစ်အရွယ် ဘစ်နှင့် ၁၉နှစ်အရွယ် ဆန်တို့ဖြစ်ကြတယ်လို့ သိရပြီး သူတို့အထဲက တစ်ယောက်က ယာဉ်ရဲ့ ဝဲဘက်အခြမ်းက နာတာဝတ်နှင့် နမ် ဖူအင်တို့ နေရာကို  ဆီကာ လမ်းဆုံအနီး မီတာ၅၀ ခန့်ကွာဝေးတဲ့ ဖရာဖူးကက်ကီယောလမ်းပေါ်မှာ သေနတ်ဖြင့်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ကားပြတင်းက အကုန်နီးပါးဖွင့်ထားတဲ့အတွက် ကျည်ဆံဟာ နမ်ဖူအင်ရဲ့ ဦးခေါင်းကို ထိမှတ်ခဲ့ပြီး ဆေးရုံပို့ဖို့စီစဉ်ဆဲမှာ သူမ သေဆုံးခဲ့ရပါတယ်။

“ပစ်ကပ်ကားက မီးနီမိနေတုန်း မော်တော်ဆိုင်ကယ်က အနီးရောက်လာပါတယ်။ဆိုင်ကယ်ပေါ်ကတစ်ယောက်က ဆင်းလာပြီး ထရပ်ကား ကိုသေနတ်နှင့်ပစ်လိုက်တယ်။ပစ်ပြီးတာနှင့် ဆိုင်ကယ်ပေါ်ပြန်တက်ပြီး ပါတောင်းဖက်ကို အမြန် မောင်းထွက်သွားတယ်” လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ စားသောက်ဆိုင်ပိုင်ရှင် “လို” ကပြောပြပါတယ်။

ရဲတပ်ဖွဲ့က စီစီတီဗီကင်မရာကနေ စစ်ဆေးကြည့်ရှုပြီး တရားခံတွေဖမ်းမိရေးဆောင်ရွက်နေကြောင်းသိရပါတယ်။
@ymg/knl