#World_Science
Published 06 September 2024


▪️ ဟိမဝန္တာတောင်တွေမှာ ရှေးဟောင်းဗိုင်းရပ်စ်ပေါင်း ၁၇၀၀ နီးပါး ဖုံးကွယ်တည်ရှိနေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

 

▪️ ထိုထဲက ၄ ပုံ ၃ ပုံလောက်ဟာ သိပ္ပံနည်းအရ မသိရှိထားဘူးလို့ ဖော်ပြထားပါတယ်။

 

▪️ ပင်လယ်ရေမျက်နှာပြင်ထက် ၄ မိုင်နီးပါးလောက်ရှိတဲ့ တိဘက်ကုန်းပြင်မြင့်ပေါ်က ဂူလီယာရေခဲပြင်အူတိုင်တွေထဲမှာ အေးခဲနေတဲ့ ဗိုင်းရပ်စ်ဒီအင်န်အေ အစအနတွေကို သိပ္ပံပညာရှင်များ လေ့လာခဲ့ကြပါတယ်။

 

▪️ အခုဆိုရင် ရာသီဥတု ပြောင်းလဲမှုတွေကြား ဗိုင်းရပ်စ်တွေ လိုက်လျောညီထွေရှိအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာနဲ့ လာမယ့်နှစ်တွေမှာ ဗိုင်းရပ်စ်တွေ ဘယ်လိုပြောင်းလဲသွားနိုင်လဲ ဆိုတာတွေကို နားလည်ဖို့ လေ့လာနေပါတယ်။

 

▪️ ရေခဲပြင်မှ ရေခဲတွေက အလွန်တန်ဖိုးရှိတာကြောင့် ဗိုင်းရပ်စ်ပိုးမွှားတွေ သုတေသနအတွက် လိုအပ်တဲ့ အရာတွေကို မရတတ်ဘူးလို့ သုတေသနပြုစုသူ ကျိဖင်ကျောင်က ဖော်ပြထားပါတယ်။

 

▪️ ရာသီဥတု ပြောင်းလဲတဲ့အခါ အပူချိန်တက်လာပြီး ရေခဲအရည်ပျော်လာသဖြင့် ရေခဲထဲက အချက်အလက်တွေ ပျက်စီးလာနိုင်ကာ ဟိမဝန္တာ၊ အဲ့ပ်စ်၊ အန်ဒေးစ်တို့ရှိ ရေခဲပြင်အချို့တို့ဟာ ရေခဲဆုံးရှုံးမှုနှုန်း မြင့်မားနေပါတယ်။

 

▪️ တောင်တန်းထိပ် ရေခဲတောင်တွေနဲ့ သူတို့ရဲ့ သမိုင်းကြောင်းတွေဟာ အလွန်လျင်မြန်စွာ ပျောက်ကွယ်နေတယ်လို့ အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်မှ ရှေးဟောင်းရာသီဥတု ပညာရှင် လွန်နီသွမ်ဆင်က ပြောပါတယ်။

 

▪️ ဒါကြောင့် လုံးဝမပျောက်ကွယ်ခင်မှာ သိပ္ပံပညာရှင်တွေက ရှာဖွေဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
လေ့လာချက်အရ ဗိုင်းရပ်စ်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၁၀၀၀ ကျော်အတွင်း အပူအအေးစက်ဝန်း ၃ ခုအချိန်မှ ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ ရေခဲပြင်တွေ အရည်ပျော်လာပြီး ရှေးဟောင်းဗိုင်းရပ်စ်တွေ လူသားတွေထံ ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။

 

▪️ အချို့သော ဗိုင်းရပ်စ်တွေဟာလည်း အခြားနေရာတွေကနေ ရောက်ရှိလာကြတယ်လို့ ယူဆနေကြပါတယ်။

 

#Source: WION