#ဘန်ကောက်ပို့စ်အထူးသုံးသပ်ချက်ဆောင်းပါး

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ် ရွေးချယ်ဖို့ ပါလီမန်မှာ မဲပေးဖို့ အချိန် တစ်ပတ်လျော့လျော့ပဲ ကျန်ပါတော့တယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံရဲ့ နောက်ခေါင်းဆောင်အသစ်က      ဘယ်သူဖြစ််မလဲဆိုတာ လူတိုင်းက ခန့်မှန်းကြည့်နေကြ ပါတယ်။

အခြေခံဥပဒေအရ ဝန်ကြီးချုပ်လောင်းတစ်ဦးဟာ အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ဦးနှင့် အထက်လွှတ်တော် (ဆီးနိတ်)အမတ် ၂၅၀ ဦးထဲမှ ထောက်ခံမဲ အနည်းဆုံး ၃၆၆ မဲရရှိမှသာ ဝန်ကြီးချုပ်ဖြစ်လာနိုင်ပါတယ်။

လက်ရှိအနေအထားမှာတော့ Move Forward Party  ရှေ့သို့ပါတီက ဦဆောင်တဲ့ (၈)ပါတီညွန့်ပေါင်းဟာ အောက်လွှတ်တော်အမတ်နေရာ ၃၁၂ခုံကို ထိန်းချုပ်ထားပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ ညွန့်ပေါင်းပြင်ပက အထက်လွှတ်တော်အမတ် တွေ ဒါမှမဟုတ် အောက်လွှတ်တော်ကိုယ်စားလှယ်တွေဆီက မဲ အနည်းဆုံး ၆၄ မဲထပ်မံရရှိမှ သာ ရှေ့သို့ပါတီ ခေါင်းဆောင် ပီတာ လင်းမ်ဂျာရိုအင်ရက်ဟာ  ဝန်ကြီးချုပ်ဖြစ်လာမှာပါ။

လာမယ့်ကြာသပတေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ဆီးနိတ်အမတ်တွေ အရေးကြီးတဲ့ မဲပေးကြတဲ့အခါ ပထမ တစ်ကြိမ်တည်းနှင့် ဝန်ကြီးချုပ်အသစ် ရွေးချယ်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။ ဒုတိယအကြိမ်ထပ်မဲပေးပြီးလို့ မစ္စတာပီတာ ထပ်ပြီးအရွေးမခံရသေးဘူးဆိုရင် ညွန့်ပေါင်းဖွဲ့စည်းမှုဟာ ပြောင်းလဲသွား နိုင်ပါတယ်။

အဲသလိုအခြေအနေဆိုရင် အခြေအနေနှစ်မျိုးဖြစ်လာနိုင်ပါတယ်။ ပထမတစ်မျိုးက ညွန့်ပေါင်း ၈ပါတီအဖွဲ့ထဲ ဒုတိယမြောက်အကြီးဆုံးပါတီဖြစ်တဲ့ Pheu Thai ဖွေထိုင်းပါတီဟာ  ဆရက်သာ သာဗစ်ဆင် Srettha Thavisin ကို ဝန်ကြီးချုပ်လောင်းအဖြစ်အဆိုပြုလာပြီး သူ့ကို ပူးတွဲပါလီမန်က မဲပေးနိင်ဖွယ်ရှိပါတယ်။

ဒါမှမဟုတ် ဖွေထိုင်းပါတီဟာ ညွန့်ပေါင်းကို ဦးဆောင်ပြီး မိတ်ဖက်အသစ်တွေ ဆွဲသွင်းလာတာ ဒါမှမဟုတ် ရှေ့သို့ပါတီ မပါဘဲ ညွန့်ပေါင်းအသစ်ဖွဲ့တာဖြစ်လာနိုင်ပါတယ်။

ဒုတိယမြောက်ဖြစ်နိုင်တာက မစ္စတာ ဆရက်သာ ဒါမှမဟုတ် Palang Pracharath ပါလန်ပရာချာရတ်ပါတီခေါင်းဆောင် ဗိုလ်ချူပ်ကြီးပရာဝတ်ဝန်ဆုဝန်ကို  ဝန်ကြီးချုပ်အဖြစ်မဲပေးကြပြီး ရှေ့သို့ပါတီဟာ အတိုက်အခံပါတီဖြစ်သွားမယ့် အခြေ အနေပဲဖြစ်ပါတယ်။

ရှေ့သို့ပါတီအတွက် မဟာမိတ်များ

အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတွေရွေးချယ်ရာမှာ  (၈)ပါတီညွန့်ပေါင်းဖွဲ့စည်းမှုဟာ မှန်ကန်တဲ့လမ်းကြောင်း မှာ ရှိနေတယ်ဆိုတာ အထင်အရှားပြသလိုက်တာဖြစ်တယ်လို့ ရှေ့သို့ပါတီ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ် နက်သာဝတ်ဘူရာပရက်သမ်က ပြောထားပါတယ်။

သူတို့ညွန့်ပေါင်းအနေနှင့် အများစုရဲ့ဆန္ဒကိုလေးစားတဲ့ ပြင်ပက အောက်လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ဆီးနိတ် အမတ်တွေကိုရယူနေပြီး သူတို့ဟာ မစ္စတာပီတာကို ဝန်ကြီးချုပ်အဖြစ်မဲပေးလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။

ရှေ့သို့ပါတီဦးဆောင်ထားတဲ့ ညွန့်ပေါင်းက လိုအပ်တဲ့ အရေအတွက်ထက်တောင်ပိုပြီးရလိမ့်မယ်လို့ သူက မျှော်လင့် ထားပါတယ်။ ပထမတစ်ကြိမ်မဲပေးတာနှင့် ဝန်ကြီးချုပ်ဘယ်သူဆိုတာ သိရလိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

ပူးတွဲမဲမပေးခင် မစ္စတာပီတာ ပြောကြားမယ့် မိန့်ခွန်းအတွက် ပါတီက ပြင်ဆင်ပေးမယ်လို့ပြောပါတယ်။ သူ့မိန့်ခွန်းကြောင့် အချို့သူတွေ စိတ်ပြောင်းသွားမှာ သူတို့ကစိတ်ပူနေပါတယ်။

ဆီးနိတ်အမတ်အများစုဟာ ရှေ့သို့ပါတီရဲ့ lese majeste law ကို ပြန်ပြင်မှာ ဆန့်ကျင်နေကြပြီး သူတို့ဟာ မစ္စတာပီတာ အပေါ် ကန့်ကွက်မဲ ဒါမှမဟုတ် မဲမပေးဘဲနေတာတွေပြုလုပ်လာနိုင်ပါတယ်။

“ ဆီးနိတ်အမတ်တော်တော်များများက သူတို့ကိုမဲပေးဖို့ဆုံးဖြတ်ထားပြီးပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် သူတို့က တိတ်တိတ်ကလေးနေ နေကြတယ်၊ မစ္စတာပီတာကို ထောက်ခံတဲ့အရေအတွက် တိုးလာနေပါတယ်” လို့ သူကဆက်ပြောပါတယ်။

ဒီအခြေအနေမှာ ရှေ့သို့ပါတီအနေနှင့် အတိုက်အခံဘက်ကို ပြောင်းသွားမှာမဟုတ်ဘူး။ မစ္စတာပီတာရဲ့ အမှုကိစ္စတွေ ပြီးဆုံးဖို့ အချိန်ကကြာဦးမယ်လို့လည်း သူကပြောပါတယ်။

မစ္စတာပီတာရဲ့ iTV ရုပ်သံလုပ်ငန်း ရှယ်ယာပိုင်ဆိုင်မှုကြောင့် သူ့ရဲ့တရားဝင်မှုအပေါ် မေးခွန်းထုတ်တာတွေကို ရှေ့သို့ပါတီရဲ့ ခေါင်းဆောင်တွေ ရင်ဆိုင်နေကြရပါတယ်။ ထိုင်းအခြေခံဥပဒေအရ မီဒီယာလုပ်ငန်းမှာ ရှယ်ယာပိုင်တဲ့သူတွေကို ဝန်ကြီးချုပ်ဖြစ်ခွင့် တားဆီးထားပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌဟာ ဖွေထိုင်းပါတီနှင့်နီးစပ်တဲ့ ပရာချာခတ်ပါတီရဲ့လက်ထဲရောက်နေလို့ အချို့သော အောက်လွှတ်တော်အမတ်တွေဘက်ပြောင်းနိုင်တယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေကို သူကပယ်ချလိုက်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ပါတီက တိုက်ခိုက်ခဲ့မှုတွေဟာ ဝန်ကြီးချုပ်အတွက် မဲပေးတာနှင့် ဘာမျှမဆိုင်ဘူးလို့ သူကပြောပါတယ်။ အခုဆို ပရာချာခတ်ပါတီက ဝန်မိုဟာမက်နိုမာသာဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ  တာဝန်ထမ်းဆောင်နေပြီဖြစ်လို့ ဒီကိစ္စက ပြေလည်သွားပြီလို့ သူက ဆက်လက်ပြောဆိုပါတယ်။

ဘယ်သူ အောက်လွှတ်တော်ဥက္ကဋ္ဌပဲဖြစ်ဖြစ်  ညွန့်ပေါင်းအဖွဲ့တွေဟာ ညွန့်ပေါင်းဖွဲ့စည်းမှု နားလည်မှုစာချွန်လွှာကို လေးစား လိုက်နာကြမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်စိတ်ချမှုနှင့် ၂၀၂၄ ဘတ်ဂျက်အပါအဝင် အရေးကြီးတဲ့ ကိစ္စတွေကို ကိုင်တွယ်မယ့် အစိုးရ တစ်ခုရရှိဖို့ ထိုင်းနိုင်ငံအတွက် အချိန်ကျရောက်လာပြီလို့ သူကပြောပါတယ်။

ဖွေထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းအတွက်ရော ရှေ့သို့ပါတီက မဲပေးမှာလားဆိုတဲ့မေးခွန်းအပေါ် ပါတီတိုင်းဟာ သူတို့ အတွက်အကောင်းဆုံးတွေကို ရွေးချယ်ခဲ့ကြတယ်လို့သူယုံကြည်တယ်လို့ပြောပါတယ်။ ဒါပေမယ့် အဲဒီဟာကို စဉ်းစားဖို့ စောပါသေးတယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။

“ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ရှေ့သို့ MFP ပါတီကိုယ်စားလှယ်လောင်းကိုပထမဦးစားပေးထောက်ခံရမယ်။ ဒါပေမယ့် မဟာမိတ်တွေထဲက ကိုယ်စးလှဘ်တွေကိုလည်း ကျွန်တော်တို့ စဉ်းစားကြရမှာပဲဖြစ်တယ်” လို့ သူကပြောပါတယ်။

နှစ်ကြိမ်က လုံလောက်

ဝန်ကြီးချုပ်ရွေးချယ်ရာမှာ အကြိမ်ဘယ်နှစ်ခါပဲ ရှိရမယ်လို့ ကန့်သတ်ထားတာမရှိပါဘူး။

တကယ်လို့ ကိုယ်စားလှယ်လောင်းဟာ ပထမအကြိမ်မဲပေးရာမှာ မရွေးချယ်နိုင်ခဲ့ရင် ၃၇၆ မဲမရမချင်း မဲတွေ အကြိမ်ကြိမ် ပေးလို့ရတယ်လို့ မစ္စတာဝန်က ထောက်ပြပြောဆိုပါတယ်။ ဒုတိယအကြိမဲပေးဖို့ကို လောလောဆယ် ဇူလိုင် ၁၉ရက်နေ့ လျာထားပါတယ်။

ဒါပေမယ့် ဖွေထိုင်းပါတီအကြားမှာ စိတ်ပူပန်မှုတွေရှိနေပါတယ်။ သူတို့အနေနှင့် ဝန်ကြီးချုပ်ရွေးမရဖြစ်နေရင် အတိုက်အခံထဲကနေ လူနည်းစုအစိုးရတစ်ခုအတွက် မစ္စတာပီတာကိုစိန်ခေါ်မယ့်သူ ရှိလာနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။

အခြေခံဥပဒေအရ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ဝန်ကြီးချုပ်ကို ရွေးနေလို့ရသည့်တိုင် သူတို့အနေနှင့် ဒုတိယအကြိမ် မဲပေး ပြီးရင်တော မစ္စတာပီတာကို ဆက်ပြီး အဆိုပြုစရာမရှိဘူးလို့ ဖွေထိုင်းပါတီရဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။

ရွေးချယ်ရေးလုပ်ငန်းစဉ်မှာ ဆီးနိတ်(အထက်လွှတ်တော်)ဟာ ဝင်ရောက်ပတ်သက်မှုမရှိပေမယ့် (၈)ပါတီ ညွန့်ပေါင်းဟာ သူတို့ညွန့်ပေါင်းအဖွဲ့ပြင်ပက  အောက်လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ထောက်ခံမှု လိုအပ်နေဦးမှာ အမှန်ပဲဖြစ်ပါတယ်။ ဘမ်ချိုင်းထိုင်း Bhumjaithai ဟာ လက်ရှိအခြေအနေမှာ အလားအလာရှိနေတယ်လို့ အရင်းအမြစ်တစ်ခုက ပြောပါတယ်။

ဘမ်ချိုင်းထိုင်းဟာ အောက်လွှတ်တော် အမတ် ၇၁ နေရာရရှိထားပါတယ်။ သူတို့က lese majeste law ဥပဒေကို ပြင်မှာ ကိုကန့်ကွက်ထားပါတယ်။ ရှေ့သို့ပါတီက ပထမဆုံးအောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌနေရာ ရွေးချယ်တဲ့အချိန်မှာ သူတို့က မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

ချတ်ထိုင်းပါတာနာနှင့် ဒီမိုကရေက်ပါတီတွေဟာလည်း ထည့်သွင်းစဉ်းစားရမယ့်ပါတီတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကကရက်တစ်ခေါင်းဆောင်မှု ရွေးချ်ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ညွန့်ပေါင်းအဖွဲ့က စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။

“ ဒါပေမယ့် နောက်ဆုံးတော့ ဘယ်နှစ်ကြိမ်မဲပေးရင် တော်လောက်ပြီ ဆိုတဲ့ သဘောတူညီမှုတစ်ခုတော့ ရှိသင့်တယ်။ တကယ်လို့ အဲသလိုမလုပ်ရင် အခြား အဖွဲ့က စိန်ခေါ်မှုတွေရှိလာလိမ့်မယ်။ သူတို့ကိုယ်စားလှယ်လောင်းတင်လိုက်ရင် သူတို့ထဲက ဝန်ကြီးချုပ်ဖြစ်လာကောင်းဖြစ်လာနိုင်တယ်” လို့ အဆိုပါ အရင်းအမြစ်က ဆက်လက်ပြောဆိုပါတယ်။

ဘမ်ချိုင်းထိုင်းအနေနှင့် အပေးအယူတစ်ခုမရှိဘဲနှင့်တော့ မစ္စတာပီတကိုမဲပေးလိမ့်မှမဟုတ်ပါဘူး။ အဲဒါကြောင့် ပါတီဟာ အကြီးအကျယ်အပေးအယူတစ်ခုနှင့်ရင်ဆိုင်နိုင်ဖွယ်ရှိကြောင်း အရင်းအမြစ်ကဆက်ပြောပါတယ်။

မစ္စတာပီတာကို မရွေးနိုင်ခဲ့ရင် ဖွေထိုင်းဟာ ညွန့်ပေါင်းကို ဦးဆောင်ရတော့မှာပါ။ အဲဒီအခါ ပါတီဟာ မစ္စတာ ဆရက်သာကို အဆိုပြုပါလိမ့်မယ်လို့ သတင်းအရင်းအမြစ်ကပြောပြပါတယ်။ ပြင်ပက ဝန်ကြီးချုပ်လောင်းတစ်ဦးဖြစ်လာ နိုင်တယ်ဆိုတဲ့ ပြောဆိုနေတာတွေကို သူကပယ်ချလိုက်ပါတယ်။

ပါတီတွေကပေးတဲ့ စာရင်းထဲပါ ကိုယ်စားလှယ်လောင်းတွေဆီကနေ ဝန်ကြီးချုပ်အသစ်ကိုပါလီမန်ကမရွေးချယ်နိုင်ခဲ့ရင်  အောက်လွှတ်တော်အမတ်နှင့်ဆီးနိတ်အမတ် ၇၅၀ဦးထဲက  တစ်ဝက်ဟာ ဝန်ကြီးချုပ်လောင်းဟာ ပါတီစာရင်းထဲကဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို ဆိုင်းငံ့စေတဲ့ ဆောင်ရွက်မှု ပြုလုပ်နိုင်တယ်လို့ အခြေခံဥပဒေ ၂၇၂ မှာ ပြဋ္ဌာန်းထားပါတယ်။

အဲသည် ဆိုင်ငံ့ရေး လှုပ်ရှားဆောင်ရွက်မှုအတွက် ဥပဒေပြုအမတ်စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံ ဖြစ်တဲ့ အမတ် ၅၀၀ ဦးရဲ့ထောက်ခံမှုတော့ လိုအပ်ပါတယ်။ ပြင်ပက သူတစ်ဦးကို ဝန်ကြီးချုပ်ရွေးကောက်ဖို့အတွက်လည်း ၃၇၆ မဲလိုအပ်နေ ဦးမှာဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ပွဲက ချောချောမွေ့မွေ့ဖြစ်ခဲ့ပေမယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲကတော့ ကြန့်ကြာနိုင်ပါ တယ်။ဘက်တွေပြောင်းကုန်ကြမှာကို စိုးရိမ်မှုတွေရှိနေကြတယ်လို့ အဆိုပါအရင်းအမြစ်ကဆက်ပြောပါတယ်။

ဖွေထိုင်းပါတီမှ ဝန်ကြီးချုပ်ဖြစ်လာမလား

ယူနိုက်တက်ထိုင်းနေရှင်းပါတီ UTN ရဲ့ ဒုတိယဥက္ကဋ္ဌ ဝစ်သာရာ ကွေးပရာဒိုင်းက ရှေ့သို့ပါတီဟာ ခက်ခဲတဲ့ အခြေအနေထဲ ရောက်နေပြီး ဘာမှဆက်လုပ်လို့မရရင် ဖွေထိုင်းဟာ ညွန့်ပေါင်းကို ဦးဆောင်လိမ့်မယ်လို့ ပြောပါတယ်။

၂၀၁၉ မှာ ရွေးကောက်ပွဲတုန်းက ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာကိုထောက်ခံခဲ့သူတွေနှင့် အလုပ်လုပ်မှာမဟုတ်ဘူးဆိုတဲ့ ရှေ့သို့ပါတီရဲ့ရပ်တည်ချက်ကို သူကညွန်းဆိုပြောဆိုသွားတာပါ။

သူတို့က အာဏာရှင်လို့ တံဆိပ်တပ်ထားတဲ့ ပါတီတွေနှင့် ရှေ့သို့ပါတီဟာ တွဲလုပ်ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ဥပဒေတွေကဘာတွေဆိုတာ သူတို့သိပြီးသားပါ။ ဒါပေမယ့် သူတို့က သူတို့ကိုယ်သူတို့ ခက်ခဲအောင်လုပ်နေကြတာ  ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ်ဖြစ်ဖို့ ရှေ့သို့ပါတီထက် ဖွေထိုင်းပါတီက အနေအထားပိုကောင်းနေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က lese majeste law ဥပဒေကိုပြန်ပြင်ရေးဆန့်ကျင်ထားလို့ဖြစ်တယ်လို့ UTN ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောဆို ပါတယ်။

“စစ်တပ်ထောက်ခံတဲ့ပါတီတွေနှင့် အတူတွဲမလုပ်ဘူးဆိုတဲ့ သူတို့ရပ်တည်ချက်ကို ပြောင်းလဲတဲ့အပေါ်မူတည်ပြီး သူတို့ဟာ ညွန့်ပေါင်းထဲ အခြားပါတီတွေထည့်လာရလိမ့်မယ်” လို့လည်း သူကပြောပါတယ်။

UTNရဲ့ရပ်တည်ချက်ကရောလို့မေးတဲ့အခါ သူတို့ဟာ ရှေ့သို့ပါတီကိုစိန်ခေါ်ပြီး ပထမဆုံး အောက်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ နေရာ ဝင်ပြိုင်ခဲ့တာကြောင့် သိပ်ရှင်းပါတယ်”လို့သူကပြောပါတယ်။

ရှေ့သို့ပါတီရဲ့ အောင်ပွဲအတွက် ဖွေထိုင်းအတွက် အံအားတစ်သင့်ဖြစ်စေခဲ့ပြီး ခြိမ်းခြောက်မှုလည်းဖြစ်စေခဲ့တယ်လို့ ဆီးနိတ် အမတ် ဆွမ်ချိုင်း ဆာဝန်ကန်းက ပြောပါတယ်။

နောက်တစ်မျိုးဖြစ်နိုင်ခဲ့ရင် ဖွေထိုင်းဟာ နောက်ညွန့်ပေါင်းအစိုးရအစိတ်အပိုင်းတစ်ခုအဖြစ် စေ့စပ်အပေးအယူလုပ် လာလိမ့်မယ်။ သူတို့ဟာ ရှေ့သို့ပါတီနှင့်လမ်းခွဲပြီး ဘမ်ချိုင်းထိုင်း ဒါမှမဟုတ် PPRP တို့နှင့် လက်တွဲလာလိမ့်မယ်လို့ သူ့ အမြင်ကိုဆက်ပြောပါတယ်။

“ဖွေထိုင်းက အစိုးရအဖွဲ့ထဲဝင်ချင်တာ ဝန်ကြီးချုပ်ရာထူးကိုစွန့်လွှတ်ဖို့ဆန္ဒရှိပြီးသားပဲ။ ဝန်ကြီးချုပ်နေရာကို သူတို့က PPRP ကိုတောင်ပေးကောင်းပေးနိုင်တယ်။ ဒါပေမယ့် ရှေ့သို့ပါတီထောက်ခံသူတွေရဲ့ ဖိအားတွေကြောင့်သိပ်တော့ မလွယ်လှဘူး” လို့ သူကသုံးသပ်ပါတယ်။

ဖွေထိုင်းဟာ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ် သက်ဆင်ရဲ့သမီး ပေတွန်တာ ရှင်နာဝါထရာကိုတော့ ဝန်ကြီးချုပ်လောင်း နေရာ အမည်တင်သွင်းလိမ့်မယ်မဟုတ်ဘူးလို့ ဆီးနိတ်အမတ်ကဆက်ပြောပါတယ်။

လက်ရှိအစိုးရအနေနှင့် လူနည်းစုအစိုးရဖွဲ့လိမ့်မယ်ဆိုတဲ့ ဝေဖန်ပြောဆိုနေတာတွေကိုသူက ပယ်ချလိုက်ပါတယ်။

“ လူနည်းစုအစိုးရ မလိုအပ်ပါဘူး။ ဒီနည်းလမ်းကမဖြစ်သင့်ပါဘူး။ ဒီလမ်းကြောင်းရွေးတဲ့ပါတီတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ နိုင်မှာမဟုတ်ဘူး” လို့ သူက ဖြည့်စွက်ပြောလိုက်ပါတယ်။

Source : Move Forward Party Faces uncertain fate by Bangkok Post