၅ ဇွန် ၂၀၂၄

ပါလက်စတိုင်းလူမျိုးတွေတင်တဲ့ အင်စတာဂရမ်ပို့စ်တွေကို နှိမ်နှင်းပစ်တဲ့ ကွန်ပျူတာပိုးBugတွေကို ပြင်ပေး တဲ့အတွက် သူ့ကိုအလုပ်ကထုတ်လိုက်တယ်လို့ဆိုပြီး အလုပ်ထုတ်ခံရတဲ့ Meta ကုမ္ပဏီရဲ့ အင်ဂျင်နီယာ   တစ်ဦးက ကုမ္ပဏီကို ဇွန်လ ၄ရက်နေ့က တရားစွဲလိုက်ပါတယ်။

Meta ရဲ့ စက်သင်နည်းပညာ machine learning အဖွဲ့မှာ ၂၀၂၁ခုနှစ်ကတည်းက အလုပ်ဝင်ခဲ့တဲ့ မစ္စတာ ဖာရာ့စ်ဟာမက်က ကာလီဖိုနီးယားအခြေစိုက် ဖေ့စ်ဘုတ်နှင့်အင်စတာဂရမ်တွေရဲ့ မိခင်ကုမ္ပဏီ Meta ကို ပြည်နယ်တရားရုံးမှာ ခွဲခြားဆက်ဆံခြင်း၊မှားယွင်းစွာ အလုပ်ရပ်ဆိုင်းခြင်းနှင့် ဖေဖော်ဝါရီလက သူ့ကို အလုပ်ထုတ်ပစ်တဲ့အပေါ် မှားယွင်းပြုကျင့်မှုများအပေါ် တရားစွဲလိုက်တာဖြစ်ပါတယ်။

Meta ဟာ ဝန်ထမ်းတွေ ကုမ္ပဏီတွင်း အချင်းချင်းအပြန်အလှန်ဆက်သွယ်ပေးပို့ရာမှာ ဂါဇာမှာသေဆုံး ကြရတဲ့ သူတို့ဆွေမျိုးသားချင်းတွေအကြောင်းဖော်ပြတာတွေကို ဖျက်ပစ်ခဲ့ပါတယ်။အဲဒီအပြင် ပါလက် စတိုင်းအလံ အီမိုဂျီကိုသုံးတဲ့ဝန်ထမ်းတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ကုမ္ပဏီဟာ အစ္စရေး ဒါမှမဟုတ် ယူကရိန်းအလံ အီမိုဂျီတွေတင်တဲ့ ဝန်ထမ်းတွေကိုတော့ မည်သည့် စုံစမ်းစစ်ဆေးမှုတွေမှမလုပ်ခဲ့ပါဘူးလို့ တရားစွဲဆိုတိုင်းတန်းချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာဟာမက်ရဲ့တရားစွဲမှုနှင့်ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့မေးမြန်းချက်အပေါ် ကုမ္ပဏီက မတုန့်ပြန်ပါဘူး။

၂၀၂၃ခုနှစ် စစ်ဖြစ်ကတည်းက Meta ဟာ ပါလက်စတိုင်းကို ထောက်ခံတဲ့ ဖော်ပြချက်တွေကိုနှိပ်ကွပ်တယ် ဆိုပြီး များလှစွာသောစွပ်စွဲချက်တွေနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

ကုမ္ပဏီရဲ့ ဝန်ထမ်း၂၀၀နီးပါကးကလည်း အဲဒီပြဿနာကို အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ထံ နှင့် ကုမ္ပဏီခေါင်းဆောင်တွေထံ အိပ်ဖွင့်စာတစ်စောင်ပေးခဲ့ဖူးပါတယ်။

Source Reuters