#World_Discovery
Published 18 August 2024


▪️ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာထဲက သမုဒ္ဒရာထဲမှာ ထူးဆန်းစွာ နစ်မြုပ်ပျောက်ဆုံးနေတဲ့ ကျွန်းတွေကို စပိန်မှ သုတေသီများ ပြန်လည်တွေ့ရှိခဲ့ပြီး ထူးဆန်းတာက အချို့ကျွန်းတွေမှာ ကမ်းခြေတွေက အကောင်းပကတိအတိုင်း ရှိနေပါသေးတယ်။

 

▪️ ဒါဟာ ဒဏ္ဍာရီလာ အတ္တလန္တိတ်ကျွန်းကြီး အစပြုခဲ့ရာနေရာ ဖြစ်နိုင်တယ်လို့ ပရောဂျက်ခေါင်းဆောင် လူးဝစ်ဆိုမိုဇာက ပြောပြပါတယ်။

 

▪️ ရေအောက်တောင်မှာရှိတဲ့ ကျွန်းတွေမှာ မီးတောင်သေ ၃ ခုရှိပြီး အချင်း ၃၁ မိုင်ခန့် ရှိကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

▪️ အဆိုပါ ရေအောက်တောင်ကို သိပ္ပံပညာရှင်တွေက လော့စ်အတ္တလန်တက်စ်လို့ အမည်ပေးလိုက်ကြပါတယ်။

 

▪️ အရင်က ကျွန်းတွေဖြစ်ခဲ့ပြီး နစ်မြုပ်ခဲ့ကာ အခုထက်ထိ နစ်မြုပ်နေဆဲဖြစ်တယ်လို့ စပိန်ဘူမိဗေဒနဲ့ တူးဖော်ရေးအဖွဲ့အစည်းမှ ဆိုမိုဇာက ဖော်ပြထားပါတယ်။

 

▪️ သုတေသီအဖွဲ့က ကနေရီကျွန်း အရှေ့ဘက်ခြမ်း လန်ဇရုတ် အရှေ့ဘက်ကမ်းရိုးတန်းအနီး ပင်လယ်ရေအနက် ၃၃၀ ပေနဲ့ ၈၂၀၀ ပေကြား ပင်လယ်ကြမ်းပြင်မှာ အဝေးထိန်းယာဉ်တစ်ခုဖြင့် စူးစမ်းလေ့လာနေစဉ် လော့စ်အတ္တလန်တက်စ်တောင်ကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

 

▪️ ဒီလေ့လာမှုက ထိုဒေသရှိ ရေအောက်အပူချိန်နဲ့ မီးတောင်အပူချိန် လှုပ်ရှားမှုတို့ကို သိရှိရန် ရည်ရွယ်ကာ IGME-CSIC အတ္တလန္တိတ်စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

 

▪️ ဒီတောင်ဟာ လွန်ခဲ့တဲ့ နှစ် ၅၆ သန်းမှ ၃၄ သန်းခန့်က တည်ရှိခဲ့တဲ့ ကျွန်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။

 

▪️ မီးတောင်ကျောက်ကို ဖုံးအုပ်နေတဲ့ သဲတွေက ကျွန်းတွေနစ်မြုပ်ခဲ့စဉ်မှာ အနည်ထိုင်တာ ဖြစ်နိုင်ပါတယ်။

 

▪️ ကမ်းခြေအနည်းစုဟာ သမုဒ္ဒရာ မျက်နှာပြင်အောက် ပေ ၂၀၀ လောက်မှာရှိနေပြီး နောက်ဆုံးရေခဲခေတ်တုန်းက ပင်လယ်ရေမျက်နှာပြင် အလွန်နိမ့်ကျစဉ်က မီးတောင်သေတွေဟာ ကျွန်းတွေပြန်ဖြစ်လာဟန် ရှိပါတယ်။

 

▪️ ထိုကျွန်းတွေဟာ တစ်ချိန်တုန်းက တောရိုင်းသတ္တဝါတွေ ကျက်စားရာနေရာ ဖြစ်နိုင်ပြီး ရေခဲခေတ်အကုန် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာစဉ် မီးတောင်သေတွေ နစ်မြုပ်သွားတာဖြစ်တယ်လို့ ဆိုမိုဇာက ဆိုပါတယ်။

 

#Source: WION