Published 19 Nov 2021

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ကျဆင်းလာတဲ့အလျောက် ဝါရှင်တန်ဒေသခံတွေဟာ လာမယ့်အပတ်ကစပြီး အတွင်းခန်းနေရတွေမှာ mask တပ်စရာမလိုတော့ဘူးလို့  အမေရိကန်ပြည်ထောင်စု၊မြို့တော်ဝါရှင်တန်ရဲ့ မြို့တော်ဝန်က နိုဝင်ဘာ ၁၆ရက်ကပြောပါတယ်။ ဒါပေမယ့် အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်တွေနှင့်ကျောင်းတွေတော့ အဲဒီအထဲ မပါဘူးလို့ သူကပြောပါတယ်။

“ နိုဝင်ဘာ ၂၂ရက် တနင်္လာနေ့ကစပြီး ဒီစီအနေနှင့် အတွင်းခန်း mask မဖြစ်မနေတပ်ဆင်ရမယ့်  လက်ရှိသတ်မှတ်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပါပြီ”လို့ မြို့တော်ဝန် မြူရီယယ်ဘောင်ဆာက တွစ်တာကနေ ကြေညာပါတယ်။

ကိုယ်ပိုင်လုပ်ငန်းတွေအနေနှင့်ကတော့ သူတို့ကိုယ်ပိုင် စည်းကမ်းတွေသတ်မှတ်နိုင်ပါတယ်။ အတူတကွမျှပြီးစီးကြရတဲ့ ယာဉ်တွေ၊စာကြည့်တိုက်တွေ၊ဘိုးဘွားရိပ်သာတွေ၊အကျဉ်းထောင်တွေနှင့် အချို့သော အစိုးရရုံးတွေမှာတော့ mask ဆက်လက် ဝတ်ဆင်ဖို့လိုအပ်တယ်လို့ သူကဖြည့်စွက်ပြောပါတယ်။

ဝါရှင်တန်ဟာ ဇူလိုင်လကုန်ပိုင်းလောက်က mask မဖြစ်မနေတပ်ဆင်ရမယ့် စည်းကမ်းထုတ်ပြန်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒယ်လ်တာမျိုးဗီဇကွဲတွေကူးစက်မှုမြင့်တက်နေတဲ့အလျောက် ကာကွယ်ဆေးထိုးပြီးသူရော မထိုးထားရသေးသူတွေပါ mask တပ်ဆင်ဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အခြားနေရာတွေနှင့် နှိုင်းယှဉ်ရင် ဝါရှင်တန်မြို့တော်ဟာည ကိုဗစ်-၁၉နှင့်ပတ်သက်ရင် အတော်ကလေးစည်းကမ်းတင်းကြပ်တဲ့နေရာတစ်ခုပါ။ ဒါပေမယ့် အခု ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အသစ်က အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး(စီဒီစီ)ကပြဌာန်းထားတြ့ စံနှုန်းတွေနှင့်တော့ သွေဖည်နေပုံရပါတယ်။

စီဒီစီက ဝါရှင်တန်မြို့ကို လူအုပ်အတွင်းကူးစက်မှုမြင့်တက်နေတဲ့နေရာအဖြစ်သတ်မှတ်ထားဆဲရှိပြီး လူတိုင်းကို အတွင်းအပြင်နေရာအားလုံး mask တပ်ဆင်ဖို့ အကြံပြုထားခဲ့တာဖြစ်ပါတယ်။

Source AFP