#World_Science
Published 27 August 2024
▪️ ၁၁၀ ပေရှိတဲ့ 2020 RL ဧရာမဂြိုဟ်သိမ်ကြီးဟာ ဩဂုတ် ၂၇ ရက်နေ့မှာ ကမ္ဘာမြေကို ချဉ်းကပ်လာမှာ ဖြစ်တယ်လို့ နာဆာ(NASA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

 

▪️ ခရီးသည်တင် လေယာဉ်တစ်စီးစာ အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်သိမ်ဟာ ကမ္ဘာမြေနဲ့ ၂.၉၁ သန်းမိုင် အကွာအဝေးကနေ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။

 

▪️ ဒါဟာ နီးစပ်တဲ့ အနေအထားဖြစ်ပေမယ့် ကမ္ဘာမြေနဲ့ လကမ္ဘာကြား အကွာအဝေးရဲ့ ၁၂ ဆကျော်လောက် ရှိနေတာကြောင့် သိပ်ပြီးအန္တရာယ်မရှိဘဲ အာကာသစံနှုန်းများအရ စိတ်ချရတဲ့ အကွာအဝေး ဖြစ်ပါတယ်။

 

▪️ ထိုဂြိုဟ်သိမ်ဟာ တစ်နာရီကို မိုင် ၂ သောင်းနှုန်းဖြင့် ကမ္ဘာမြေဆီသို့ ချဉ်းကပ်နေပါတယ်။
နာဆာမှ ကမ္ဘာဂြိုဟ်အနီး စောင့်ကြည့်ရေးအစီအစဉ်အရ 2020 RL ဟာ ကမ္ဘာမြေအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။

 

▪️ ဒါပေမဲ့ သူ့ရဲ့ အရွယ်အစားအရတော့ သိသာထင်ရှားနေတဲ့ သဘောသဘာဝ ရှိပါတယ်။

 

▪️ ဒီလိုဂြိုဟ်သိမ်မျိုးဟာ မရှားပါးသလို သိပ္ပံပညာရှင်တွေအတွက်တော့ ထိုကဲ့သို့ အရာဝတ္ထုတွေရဲ့ ဘေးအန္တရာယ်တွေအကြောင်း၊ ဖွဲ့စည်းပုံတွေအကြောင်း လေ့လာခွင့် ရရှိနိုင်ပါတယ်။

 

▪️ ယင်းတို့ရဲ့ ပတ်လမ်းကြောင်းများ ပုံစံကိုသိရှိပြီး ကမ္ဘာမြေနဲ့ နီးကပ်တဲ့အခါ ဂြိုဟ်သိမ်တွေရဲ့ အနေအထားတွေကို ထုတ်ဖော်စေနိုင်မှာ ဖြစ်ပါတယ်။

 

▪️ နာဆာနဲ့ အခြားအာကာသအဖွဲ့အစည်းတွေကလည်း ဒီလိုအရာတွေက ခြိမ်းခြောက်မှု ပေးလာနိုင်တာတွေကို သိရှိနိုင်အောင် စောင့်ကြည့်နေကြပါတယ်။

 

ဩဂုတ် ၂၈ ရက်နေ့မှာ ၉၂ ပေရှိတဲ့ 2021 RA10 ဂြိုဟ်သိမ်ဟာ ကမ္ဘာမြေနားကနေ ဖြတ်သန်းမှာဖြစ်ပြီး ၁၁၀ ပေရှိတဲ့ 2012 SX49 ကတော့ ဩဂုတ် ၂၉ ရက်နေ့မှာ နီးကပ်လာမှာ ဖြစ်ပါတယ်။

 

#Source: WION