#World_Health
Published 04 September 2024


▪️ လည်ပင်းတဝိုက်က ကြွက်သားတွေ တင်းကြပ်လာတဲ့အခါ လည်ပင်းတောင့်တင်းလာပြီး ဦးခေါင်းလှုပ်ရှားရာမှာ ခက်ခဲနာကျင်ရပါတယ်။

 

▪️ ဒါဟာ အနေအထား မမှန်ခြင်း၊ ဖိစီးမှု၊ အိပ်တဲ့အခါ ပုံစံမကျခြင်းတို့ကြောင့် အဖြစ်များပါတယ်။
ဒါပေမဲ့ များသောအားဖြင့် သူ့အလိုလို ပျောက်သွားတတ်သလို သက်သာစေမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။

 

▪️ လည်ပင်းတောင့်တင်းခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့..

 

▪️ (၁) အနေအထားမမှန်ခြင်း - အလုပ်စားပွဲမှာ ကြာရှည်ထိုင်ခြင်း၊ ဖုန်းကြာရှည်အသုံးပြုခြင်းတို့ကြောင့် အနေအထား မမှန်တဲ့အခါ လည်ပင်း တောင့်တင်းနိုင်ပါတယ်။

 

▪️ (၂) အိပ်စက်ပုံစံ - အိပ်တဲ့အခါ ခေါင်းအုံးနိမ့်လွန်းခြင်း မြင့်လွန်းခြင်းတို့ကြောင့် လည်ပင်းအနေအထား မမှန်ဘဲ ကြွက်သားတောင့်တင်းနိုင်ပါတယ်။

 

▪️ (၃) ဖိစီးမှုနှင့်ဖိအားများခြင်း - ဖိစီးမှုကြောင့် လည်ပင်းနဲ့ ပခုံးတို့မှာ ကြွက်သားဖိအားများကာ တောင့်တင်းစေပါတယ်။

 

▪️ (၄) ရုတ်တရက်လှုပ်ရှားခြင်း - လည်ပင်ကို ရုတ်တရက် လှည့်တာမျိုးက ကြွက်သားဒဏ်ဖြစ်စေပါတယ်။

 

▪️ (၅) ထိခိုက်ဒဏ်ရာ - ကားမတော်တဆမှုလိုမျိုး ထိခိုက်ခြင်းကြောင့် လည်ပင်းကြွက်သားနဲ့ အရွတ်တွေ ထိခိုက်စေကာ တောင့်တင်းစေနိုင်ပါတယ်။

 

▪️ (၆) အရိုးနုပြားကျွံခြင်း - လည်ပင်းရိုးထဲက ထောက်ပံ့အဆစ် ကျွံလာပြီး အာရုံကြောတွေကို ဖိမိကာ လည်ပင်းတောင့်တင်း နာကျင်စေပါတယ်။

 

▪️ (၇) အဆစ်ရောင်ခြင်း - အဆင်ရောင်ခြင်းလို ရောဂါအနေအထားကြောင့် လည်ပင်းအဆစ်များ ရောင်ရမ်းတောင့်တင်းစေပါတယ်။

 

▪️ (၈) ကြွက်သားဒဏ်ဖြစ်ခြင်း - အလေးအပင် မ'ခြင်းလိုမျိုး လည်ပင်းကြွက်သားတွေ အလုပ်ဝန်ပိတဲ့အခါ လည်ပင်းတောင့်တင်းစေပါတယ်။

 

▪️ (၉) လည်ပင်းအဆစ်ဆုတ်ယုတ်လာခြင်း - အသက်အရွယ်ကြောင့် လည်ပင်အဆစ်တွေ အရိုးနုတွေ ယုတ်လျော့ထိပါးလာကာ လည်ပင်းတောင့်တင်းနိုင်ပါတယ်။

 

▪️ (၁၀) ရောဂါဝင်ရောက်ခြင်း - ဦးနှောက်အမြှေးရောင်ခြင်းလိုမျိုး ရောဂါတွေမှာ လည်ပင်းကြွက်သားများ ရောင်ရမ်းလာပြီး တောင့်တင်းတတ်ပါတယ်။

 

▪️ လည်ပင်းတောင့်တင်းခြင်းကို သက်သာစေမယ့် နည်းလမ်းတွေအနေနဲ့ လည်ပင်းအနားပေးခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲကပ်ခြင်း၊ ကွန်ပျူတာဖြင့် အလုပ်လုပ်တဲ့အခါ ဖန်သားပြင်ကို မျက်လုံးနဲ့ တတန်းတည်းထားခြင်း၊ အိပ်တဲ့အခါ လည်ပင်းနဲ့ ကျောရိုးမ အလိုက်သင့်ဖြစ်အောင်နေခြင်း၊ ငြင်သာစွာ နှိပ်နယ်ခြင်း၊ ရေများများသောက်ခြင်းဖြင့် အရိုးနုအဆစ်များ ကောင်းမွန်စေခြင်း၊ ယောဂ တရားကျင့်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

 

#Source: DoctorNDTV