#World_Trend
Published 25 August 2024


▪️ အိမ်မှာမွေးထားတဲ့ကြောင်တွေ ပရိဘောဂပစ္စည်းတွေကို ကုတ်ရတဲ့ အကြောင်းအရင်းကို လေ့လာတွေ့ရှိထားပါတယ်။

 

▪️ အိမ်မှာ ကလေးတွေရှိခြင်း၊ ကြောင်တစ်ကောင်ချင်းစီရဲ့ သဘောသဘာဝနဲ့ လှုပ်ရှားတက်ကြွမှုတို့က ကြောင်တွေ ဘယ်လောက်အထိ ကုတ်ချင်တဲ့စိတ် ဖြစ်လဲဆိုတာကို လွှမ်းမိုးနေကြောင်း အန်ကာရာတက္ကသိုလ်မှ တိရိစ္ဆာန်သုတေသီ ယာဆယ်မင်ဆယ်ဂါလီဒမီယာဘက်စ်က ပြောပါတယ်။

 

▪️ ကြောင်တွေရဲ့ သဘာဝအရ ကုတ်ခြစ်တတ်ပေမယ့် အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို ဖျက်ဆီးလာရင်တော့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။

 

▪️ သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ ဖိစီးမှုကလည်း ဒီလိုဖြစ်လာရတဲ့ အကြောင်းအရင်းတွေထဲ ပါဝင်နေပါတယ်။

 

▪️ ကြောင်ပိုင်ရှင်တွေက ကြောင်တွေကို စိတ်ဆိုးတဲ့အခါမှာလည်း တင်းမာမှုမြင့်တက်လာပြီး ကြောင်တွေ ပိုမိုကုတ်ခြစ်တတ်ကြပါတယ်။

 

▪️ ကြောင်ပိုင်ရှင် ၁၂၀၀ ကျော်ကို စစ်တမ်းကောက်ရာမှာ ဖိစီးမှုနဲ့ ကုတ်ခြစ်ခြင်းတို့ကြား ဆက်စပ်မှုရှိနေပါတယ်။

 

▪️ ဒါ့အပြင် ကလေးတွေနဲ့ အတူနေထိုင်ကြတဲ့ ကြောင်တွေဟာ နေ့ဘက် ညဘက်တွေမှာ ပိုမိုလှုပ်ရှားဆော့ကစားကြပြီး ပိုမိုကုတ်ခြစ်တတ်ကြတယ်လို့ ရှင်းပြပါတယ်။

 

▪️ ရန်လိုတတ်ပြီး နှောင့်ယှက်လိုစိတ်ရှိတဲ့ ကြောင်တွေလည်း ကုတ်ခြစ်တတ်ကြပါတယ်။

 

▪️ ဒီလိုအပြုအမူအတွက် ကြောင်တွေကို အပြစ်ပေးမယ့်အစား အကောင်းမြင်ပြုပြင်ပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုလိုက်ပါတယ်။

 

▪️ ကြောင်တွေကုတ်ခြစ်တတ်တဲ့ နေရာမှာ ကုတ်တိုင်တွေ ချထားခြင်းကလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။

 

▪️ ကြောင်တွေက သူတို့ခံစားချက်ကို ဖွင့်ထုတ်ချင်တဲ့အခါမျိုးမှာ ကုတ်ခြစ်ကြသလို ကြောင်တွေနဲ့ ဆော့ကစားရာမှာ အရမ်းကြီး လှုပ်ရှားမပြဖို့လည်း အရေးကြီးပါတယ်။

 

▪️ ဒါမှသာ ကြောင်ပိုင်ရှင်တွေအနေနဲ့ ကြောင်တွေကို သတ်မှတ်တဲ့နေရာမှာသာ ကုတ်ခြစ်စေပြီး အိမ်မှာအေးချမ်းနေစေမှာ ဖြစ်ပါတယ်။

 

#Source: WION