#World_Health
Published 29 August 2024
▪️ ကမ္ဘာ့ပထမဆုံး အဆုတ်ကင်ဆာကာကွယ်ဆေး စမ်းသပ်မှုတွေကို နိုင်ငံ ၇ နိုင်ငံမှာ စတင်လိုက်ပြီး အသက်အန္တရာယ်ပြုရောဂါကြီးကို ကုသပုံနဲ့ ပတ်သက်ပြီး ပြောင်းလဲလာနိုင်ကာ ကာကွယ်နိုင်ဖွယ်ရှိလာပါတယ်။

 

▪️ အသက် ၆၇ နှစ်အရွယ် ဂျန်နျူရက်ဇ်ဟာ ဗြိတိန်မှာ ကာကွယ်ဆေးပထမဆုံးထိုးတဲ့ လူနာဖြစ်လာပြီး ထိုကာကွယ်ဆေးက အဆုတ်ကင်ဆာကို ဖြတ်နိုင်ပြီး ပြန်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

 

▪️ BNT116 လို့ခေါ်တဲ့ ကာကွယ်ဆေးဟာ ကင်ဆာပုံစံအမျိုးမျိုးကို ကုသနိုင်ပါတယ်။

 

▪️ BioNTech မှထုတ်လုပ်တဲ့ mRNA ကင်ဆာကိုယ်ခံအားစနစ်ကုသနည်းကို ဩဂုတ် ၂၀ ရက်နေ့က ကောလိပ်လန်ဒန်ဆေးရုံတက္ကသိုလ်မှာ ဂျန်နူရက်ဇ်ကို ထိုးသွင်းခဲ့ပါတယ်။

 

▪️ ဗြိတိန်ပြည်ထောင်စု၊ အမေရိကန်၊ ဂျာမနီ၊ ဟန်ဂေရီ၊ ပိုလန်၊ စပိန်၊ တူရကီ ၇ နိုင်ငံရှိ သုတေသန ၃၄ နေရာမှာ စမ်းသပ်ခဲ့ကြပါတယ်။

 

▪️ အင်္ဂလန်နဲ့ ဝေးလ်စ်နိုင်ငံရှိ ၆ နေရာမှာ ပထမအဆင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပါတယ်။ လူနာပေါင်း ၁၃၀ မှာ စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ဗြိတိန်မှ အယောက် ၂၀ ပါဝင်ပါတယ်။

 

▪️ အဆုတ်ကင်ဆာကြောင့် နှစ်စဉ်လူ ၁.၈ သန်းသေဆုံးနေကြပြီး အကျိတ်ပျံ့နှံ့ပြီဆိုတာနဲ့ အသက်ရှင်နှုန်း အတော်နည်းပါးပါတယ်။

 

▪️ အဆုတ်ကင်ဆာ ဖြစ်ပွားသူတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ကာကွယ်ဆေးက ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်တွေကို ရှာဖွေသတ်ဖြတ်နိုင်ပြီး ပြန်ဖြစ်မလာအောင်လည်း ကာကွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ကိုဗစ်-၁၉ ကာကွယ်ဆေးလိုမျိုး mRNA အမျိုးအစားဖြစ်ပြီး အကျိတ်အမှတ်အသားတွေကို ကိုယ်ခံအားစနစ်က သိရှိအောင် ပြုလုပ်ပေးပါတယ်။

 

▪️ ကာကွယ်ဆေးပေးရတာ ရိုးရှင်းပြီး ကင်ဆာတွေကို ပစ်မှတ်ထားကြောင်း၊ ဒီနည်းပညာက ကင်ဆာကုသမှုရဲ့ နောက်တစ်ဆင့်ဖြစ်ကြောင်း ဆိုပါတယ်။

 

#Source: WION