၂၀ ဩဂုတ် ၂၀၂၄

ကမ္ဘာ့အသက်အရှည်ဆုံးသူဖြစ်တဲ့ စပိန်နိုင်ငံမှ အသက် ၁၁၇နှစ်အရွယ် မာရီယာ ဘရန်ညာမိုရီယာဟာ ဩဂုတ် ၂၀ ရက် အင်္ဂါနေ့မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ သူမဟာ အမေရိကန်ပြည်ထောင်စုမှ မွေးဖွားပြီး ကမ္ဘာစစ်ပွဲကြီးနှစ်ပွဲစလုံးကို ဖြတ်သန်း ခဲ့ရသူပါ။

ပြင်သစ်နိုင်ငံမှ သီလရှင်ကြီး လူစီလီ ရန်ဒွန် အသက် ၁၁၈နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီးနောက် ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့က ဘရန်ညာကို ကမ္ဘာ့အသက်အကြီးဆုံးသူအဖြစ် ၂၀၂၃ ဇန်နဝါရီလက တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။

“ မာရီယာဘရန်ညာဟာ ကျွနုပ်တို့ကိုခွဲသွားခဲ့ပြီ။ သူမဟာ သူဆုတောင်းသလိုပဲ အိပ်ပျော်နေရင်းက ငြိမ်းချမ်းစွာ မနာမကျင်ဘဲ  ကွယ်လွန်ခဲ့ပါပြီ” လို့ သူမရဲ့ မိသားစုက သူမရဲ့ အိတ်စ်ဆိုရှယ်အကောင့်မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

သူမရဲ့ အကြံဉာဏ်တွေနှင့်ကြင်နာမှုတွေကို အမြဲသတိရနေတော့မှာပါ” လို့လည်း စာထဲမှာရေးထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ုမှာ ဆန်တာမာရီယာဒဲလ်တူရာ ဘိုးဘွားရိပ်သာမှာ နေထိုင်ခဲ့တဲ့ ဘရန်ညာဟာ သူမ အားနည်းလာပြီလို့ တနင်္ဂနွေနေ့က ရေးခဲ့ပါတယ်။

“ အချိန်ကနီးလာပြီ။ မငိုကြနှင့်။ မျက်ရည်တွေ အမေမုန်းတယ်။ အဲဒါထက် အမေ့အတွက် မခံစားကြနှင့်။ ဘယ်ကိုပဲသွားရ သွားရ အမေပျော်မှာပါ” လို့ သူမရဲ့မိသားစုက တင်ပေးနေတဲ့ အိတ်စ် ဆိုရှယ်ပလက်ဖောင်းပေါ်က သူမရဲ့ အကောင့်မှာ သူမက ရေးတင်ခဲ့ပါတယ်။

ဘရန်ညားသေဆုံးသွားတဲ့အတွက် ယခုအခါ ကမ္ဘာ့အသက်အရှည်ဆုံး သူဟာ ဂျပန်နိုင်ငံက တိုမီကို အီတိုကာ ဖြစ်လာပါလိမ့် မယ်။ အီတိုကာဟာ ၁၉၀၈ ခုနှစ် မေ ၂၃ရက်မှာ မွေးဖွားခဲ့ပြီး ယခုအခါ အသက် ၁၁၆နှစ်ရှိပြီဖြစ်ပါတယ်။

Ref: AFP