၃၀ ဒီဇင်ဘာ ၂၀၂၄

Jeju လေကြောင်းလိုင်း လေယာဉ်တစ်စီးသည်  ယမန်နေ့က ပျက်ကျခဲ့သော Jeju ကဲ့သို့ အဆင်းဂီယာ ချို့ယွင်းမှုထပ်မံဖြစ်ပေါ်သဖြင့် ပြန်ဆင်းသက်ခဲ့ရပါတယ်။

Jeju လေကြောင်းလိုင်း ခရီးစဉ်အမှတ် 7C101 သည် ဂျေဂျူးရှိ  ဂင်ပို နိုင်ငံတကာလေဆိပ်မှ မနက် ၆နာရီ ၃၇ မိနစ်တွင် ထွက်ခွာရာ ပျံတက်ပြီး မကြာမီတွင် အဆင်းဂီယာချို့ယွင်းမှုကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

လေကြောင်းလိုင်းက လိုက်ပါလာသော ခရီးသည် ၁၆၁ ဦးကို အဆင်းဂီယာ စက်မှုပိုင်းချို့ယွင်းမှုဖြစ်တယ် လို့  အကြောင်းကြားခဲ့ပြီးနောက်  ဂင်ပိုလေဆိပ်သို့ မနက် ၇နာရီ ၂၅ မိနစ်၌ ပြန်လှည့်ဆင်းသက်ခဲ့ရ ပါတယ်။

လေယာဉ်မှာ ချို့ယွင်းတဲ့အပိုင်းကို ပြန်လည်အစားထိုးပြီးနောက် လေယာဉ်ဟာ ပြန်လည်ပျံသန်းခဲ့ပါ တယ်။

လေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဆင်းဂီယာဟာ မရှိမဖြစ်အရေးကြီးပါတယ်။ ပျံတက်တဲ့ အချိန်နှင့်ဆင်းသက်တဲ့အချိန်မှာ အဆင်းဂီယာ အသေအချာအလုပ်လုပ်ဖို့လိုအပ်ပါတယ်။

တနင်္ဂနွေနေ့က မွမ်မှာ ပျက်ကျခဲ့တဲ့ Jeju လေကြောင်းလိုင်းလေယာဉ်တွင် ၁၇၉ဦးသေဆုံးခဲ့ပြီး နှစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။

Source: Yonhap

ပုံမှာ -တနင်္ဂနွေနေ့က ပျက်ကျခဲ့သော Jeju လေကြောင်းလိုင်း လေယာဉ်အပျက်အစီးအပိုင်းအစများ