၂၇ ဒီဇင်ဘာ ၂၀၂၄
တောင်ကိုရီးယား ပါလီမန်က ယာယီသမ္မတ ဟန်ဒတ်ဆိုးကို သောကြာနေ့က ပြစ်တင်စွပ်စွဲမှုပြုလုပ်ခဲ့ ပါတယ်။ ဒါဟာ သမ္မတ ယွန်ဆပ်ယိုအပေါ် စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်ပြီး ပြစ်တင်စွပ်စွဲခဲ့ပြီး နှစ်ပတ်မပြည့်မီမှာ သူ့နေရာ ယာယီတာဝန်ထမ်းဆောင်ရတဲ့ ယာယီသမ္မတ ဟန်ဒတ်ဆိုးကို ထပ်မံ ပြစ်တင်စွပ်စွဲခဲ့တာဖြစ်ပါတယ်။
“ ပါလီမန်ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပါတယ်။ နောက်ထပ်ဝရုန်းသုန်းကားတွေနှင့် မရေရာမှု တွေကို ရှောင်ရှားနိုင်ဖို့အတွက် ကျွန်တော်ဟာ သက်ဆိုင်တဲ့ဥပဒေတွေနှင့်အညီ ကျွန်တော့်တာဝန်တွေက နေ ယာယီရပ်ဆိုင်းပါမယ်” လို့ ယာယီသမ္မတဟန်က ပြစ်တင်စွပ်စွဲမှုအပြီးမှာ ထုတ်ဖော်ပြောကြားပါ တယ်။
အာဏာရပြည့်သူ့အာဏာပါတီက အတိုက်အခံဦးဆောင်တဲ့ ယခုပြစ်တင်စွပ်စွဲမှုကို ကန့်ကွက်လိုက်ပြီး အခြေခံဥပဒေခုံရုံးကို အဲဒီကိစ္စပြန်လည်သုံးသပ်ပေးဖို့ လျှောက်ထားတင်ပြလိုက်ကြပါတယ်။ ရာထူးမှ ခေတ္တရပ်ဆိုင်းခံရပြန်တဲ့ ယာယီသမ္မတဟန်ကလည်း သူ့အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ် ချက်ကို စောင့်မယ်လို့ဆိုပါတယ်။
ဥပဒေအရ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး ချွိုင်ဆန်မောက်ဟာ ယာယီသမ္မတတာဝန်ကို လက်ခံရယူလိုက် ပါတယ်။ သူဟာ တောင်ကိုရီးယားစစ်တပ်အကြီးအကဲနှင့်တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီအပြင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ယာယီကာကွယ်ရေးဝန်ကြီးတွေနှင့်လည်း တိုင်ပင်ဖို့ရှိနေပါတယ်။
ပြစ်တင်စွပ်စွဲမှုဟာ စုစုပေါင်း အမတ်၃၀၀ထဲမှ ထောက်ခံသူ ၁၉၂ ဦးနှင့် ပါလီမန်မှာ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။