News
▪️ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ကာလရှည်မူဝါဒအကြံပေးလုပ်ခဲ့သူ ရစ်ချတ်ဂရင်း နဲလ်ကို အထူးမစ်ရှင်များဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပါတယ်။ အဲဒီအတွက် လာမယ့် ထရမ့် အစိုးရအသစ်တွက် သူဟာ အခက်ခဲဆုံး နိုင်ငံခြားရေးမူဝါဒစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ကူညီပေးရမယ့် တာဝန်ရှိလာပါလိမ့်မယ်။
Views
▪️ထရမ့်ရဲ့ပထမသမ္မတသက်တမ်းမှာ သူ့ကိုယ်သူ “ဂေး” တစ်ဦးလို့ ကြေညာထားတဲ့ ဂရင်းနဲလ်ဟာ ဂျာမဏီ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီအပြင် ဆာဗီးယားနှင့် ကော့ဆိုဗို ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းဖို့အတွက်လည်း သမ္မတရဲ့ အထူးသံတမန် အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ပြီးတော့ ယာယီ အမျိုးသားထောက်လှမ်းရေးညွှန်မှုးအလုပ်လည်း လုပ်ခဲ့ရပါတယ်။
▪️သူဟာ လာမယ့်ထရမ့်အစိုးရထဲမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူတွေအထဲလည်းပါခဲ့ ပါတယ်။ ဒါပေမယ့် ထရမ့်က နောက်ဆုံးမှာ ဖလော်ရီဒါဆီးနိတ်အမတ် မာကိုရူဘီရိုကိုပဲ ရွေးခဲ့ပါတယ်။
▪️“ ရစ်ခ်ဟာ ကမ္ဘာပေါ်က အခက်အခဲဆုံးဖြစ်နေတဲ့ နေရာအချို့မှာ အလုပ်လုပ်ပေးပါလိမ့်မယ်။ ဗင်နီဇွဲ လား နှင့်မြောက်ကိုရီးယားတို့အပါအဝင်ပေါ့” လို့ ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာ “ထရု” မှာရေးခဲ့ပါတယ်။
▪️ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းမှာ ဂရင်းနဲလ်ဟာ ရန်လိုတဲ့ချည်းကပ်မှုနှင့် တစ်ခါတစ်ခါလုပ်တတ်လို့ အမေရိကန်ရဲ့ မဟာမိတ်တွေ နာနာကျည်းကျည်းဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ မဟာမိတ်တွေနှင့် ဗြောင်ပြောချတတ်တာကို ထရမ့်က သူ့အရည်အချင်းလို့ မြင်ပြီး သူ့ကိုချီးကျူးထားပါတယ်။
▪️ထရမ့်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးနှင့်တွေ့ဆုံစဉ်မှာ သူဟာ ထရမ့်နှင့်အတူ အခန်းထဲမှာရှိနေခဲ့ပါတယ်။ သူက ရုရှားဆက်လက်ထိန်းချုပ်နိုင်တဲ့နေရာတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ခွင့်ပြုပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်နက်ကိုဆက်လက်ထိန်း သိမ်းဖို့ သူက အကြံပြုခဲ့ပါတယ်။
▪️သူအနေနှင့် နေတိုးဟာ ယူကရိန်းနိုင်ငံကို တိုးချဲ့ထည့်သွင်းမှာကိုလည်း သူက ဆန့်ကျင်ပါတယ်။ လက်ရှိ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံအလိုက် ကာကွယ်ရေးအသုံးစရိတ်သတ်မှတ်ချက် မပြည့်မမီ မချင်းထပ်မတိုးချဲ့ဖို့ကို ထရမ့်က သဘောထားအတူတူရှိထားပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သူတို့ ရဲ့ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးမှာသုံးဖို့ ရည်မှန်းချက်ထားရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံ တော်တော်များများက အဲဒီသတ်မှတ်ချက်နှင့် အဝေးကြီးမှာရှိနေခဲ့ကြပါတယ်။
▪️ထရမ့် သမ္မတတာဝန်ပြီးသွားလို့ အိမ်ဖြူတော်က ၂၀၂၁ မှာ ထွက်ခွာခဲ့ပေမယ့် ဂရင်းနဲလ်ဟာ ထရမ့်ရဲ့ အနီးကပ်တစ်ဦးအဖြစ်ဆက်ရှိနေခဲ့ပါတယ်။
▪️အဲဒီအပြင် ထရမ့်က သူ့ရဲ့ဆိုရှယ်ပလက်ဖောင်း Truth ရဲ့စီအီးအို ဒီဗင်နန်းစ်ကိုလည်း အမေရိကန် ထောက်လှမ်းရေးအသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်ရတဲ့ သမ္မတအကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်ပါတယ်။
Source : AP