၁၅ နိုဝင်ဘာ ၂၀၂၄

သမ္မတထရမ့်ရဲ့လာမယ့်သမ္မတသက်တမ်းအောက်မှာ မနေလိုကြတဲ့ အမေရိကန်တွေဟာ နိုင်ငံက ထွက်ခွာသွားကြဖို့ ကြိုးစားနေကြချိန်မှာ အမေရိကန် အခြေစိုက် အပျော်စီးသင်္ဘောကုမ္ပဏီတစ်ခုက  လေးနှစ်တာလုံးလုံး သင်္ဘောနှင့်ကမ္ဘာပတ်မယ့် ခရီးစဉ်ကြီးတစ်ခုကို ကမ်းလှမ်းခဲ့ပါတယ်။

အမေရိကန်ရဲ့ အပျော်စီးသင်္ဘောကုမ္ပဏီ Villa Vie Residences က ရှေ့သို့ကျော်လွှား“Skip Forward” လို့ အမည်ပေးထားတဲ့ အဲဒီသင်္ဘောခရီးစဉ်မှာ ခရီးသည်တွေကို Villa Vie Odyssey သင်္ဘောကြီးနှင့် လိုက်ပါပြီး  လေးနှစ်တာလုံးလုံး ကမ္ဘာပတ်ကြဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးစဉ် ဈေးနှုန်းကတော့ အတော့်ကိုကြီးမားပါတယ်။ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းနီးပါး အတိ အကျဆိုရင်တော့ ဒေါ်လာ ၁၅၉.၉၉၉ ဖြစ်ပါတယ်။

သင်္ဘောကြီးဟာ ကမ္ဘာ့တိုက်ကြီး (၇)တိုက်က နိုင်ငံပေါင်း၁၄၀ကျော်မှာရှိတဲ့ ဆိပ်ကမ်းပေါင်း ၄၂၅ ခုကျော်   မှာ ဆိုက်ကပ်မှာလို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ အစားအသောက်တွေအပြင် ညစာစားတဲ့အခါ ဘီယာနှင့်ဝိုင်ကိုလည်း အခမဲ့ တိုက်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် အားကစားလေ့ကျင့်ခန်းနှင့် spa တွေကိုလည်း အသုံးပြုခွင့်ရှိပါတယ်။

အခမဲ့သုံး ဝိုင်ဖိုင်အင်တာနက်၊ ဆေးခန်း၊ တစ်ပတ်တစ်ကြိမ် အခန်းသန့်ရှင်းရေး၊ တစ်ပတ်နှစ်ကြိမ် အဝတ်လျှော်ဖွပ်ခြင်းတွေလည်းရရှိမယ်လို့ ကုမ္ပဏီကပြောပါတယ်။

သူတို့ရဲ့ ဒီခရီးစဉ်ဟာ အကယ်၍ အိစ်ဝိုင်ဇက်သာ ရွေးကောက်ပွဲနိုင်သွားရင် အမေရိကန်ကနေ ထွက်သွား မယ်ဆိုတဲ့သူတို့အတွက် ကွက်တိပါပဲ လို့ ကုမ္ပဏီ စီအီးအို မစ်ကယ်လ်ပက်တာဆန်က ပြောပါတယ်။

သင်္ဘောကြီးဟာ ခရီးသည် ၆၀၀ ဆန့်ပြီး ကမ္ဘာအနှံ့ခုတ်မောင်းခဲ့တာ ၁၅နှစ်ရှိပြီလို့သိရပါတယ်။

Source STT