#World_Health
Published 24 July 2024

▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်း ကမ္ဘာပေါ်မှာ HIV ကုသပျောက်ကင်းခဲ့တဲ့ ၇ ယောက်မြောက်လူသား ဂျာမနီမှ ပေါ်ထွက်လာပါတယ်။

 

▪️ ထိုလူဟာ ၂၀၁၅ အောက်တိုဘာလမှာ acute myeloid leukemia (AML)ရောဂါကို ပင်မစတမ်းဆဲလ် အစားထိုးကုသခဲ့ပါတယ်။

 

▪️ ၂၀၁၈ စက်တင်ဘာလကတည်းက HIV ရောဂါထိန်းဆေးတွေ မသုံးစွဲတော့ပါဘူး။

 

▪️ ဗိုင်းရပ်စ်ပြန်ထနိုင်တဲ့ အခြေအနေ ရှိပေမယ့် အကြိမ်ကြိမ်စစ်ဆေးခဲ့ရာမှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ HIV မတွေ့ရှိတော့ပါဘူး။

 

▪️ ဒီကိစ္စကို မကြာခင် မြူးနစ်မြို့မှာပြုလုပ်မယ့် နိုင်ငံတကာ AIDS ကွန်ဖရင့်မှာ တင်ပြသွားဖို့ မျှော်မှန်းထားပါတယ်။

 

▪️ ထိုလူဟာ ကမ္ဘာပေါ်မှာ HIV ဗိုင်းရပ်စ်ကို ကုသပျောက်ကင်းခဲ့တဲ့ ၇ ယောက်မြောက်လူသား ဖြစ်လာပါတယ်။

 

▪️ နောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ လူနာတွေက သွေးကင်ဆာဖြစ်လာနိုင်တဲ့ အခြေအနေကိုလည်း ပညာရှင်များ သတိပေးထားပါတယ်။

 

▪️ ရိုးတွင်းချဉ်ဆီအလှူရှင်များရဲ့ ခုခံအားဆဲလ်တွေမှာ HIV ဗိုင်းရပ်စ်ကို ခုခံနိုင်မယ့် အလားအလာ ရှားရှားပါးပါးရှိတတ်ပြီး လူနာကိုယ်ထဲမှ ဗိုင်းရပ်စ်ပွားတွေကို ရှင်းထုတ်နိုင်ပါတယ်။

 

▪️ HIV ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲတာတွေ များစွာဖြစ်ပေါ်တာကြောင့် ကုသရခက်ခဲပြီး ထိရောက်တဲ့ ကာကွယ်ဆေးလည်း ထုတ်လုပ်ဖို့ ခက်ခဲပါတယ်။

 

▪️ HIV ဆေးတွေဟာလည်း ဗိုင်းရပ်စ်ပွားခြင်းကို တားဆီးပေမယ့် လုံးဝရှင်းထုတ်နိုင်ခြင်း မရှိပါဘူး။

 

▪️ သူ့အရင်က HIV ကုသပျောက်ကင်းခဲ့တဲ့ သူတွေကတော့ ဘာလင်၊ လန်ဒန်၊ ဒူဆယ်ဒေါ့ဖ်၊ စီးတီးအော့ဖ်ဟုပ်၊ နယူးယော့ခ်၊ ဂျီနီဗာတို့မှ လူနာများဖြစ်ခဲ့ပြီး ဘာလင်ကတစ်ယောက်ကတော့ ၂၀၂၀ ခုနှစ်မှာ သွေးကင်ဆာပြန်ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။

 

#Source: The Jerusalem Post