#World_Technology
Published 13 August 2024


▪️ မာ့ခ်ဇူကာဘက်ရဲ့ အဖေဖြစ်သူ သွားဆရာဝန် ထောက်ပံ့ထားတဲ့ ဘော့စ်တွန်အခြေစိုက် နည်းပညာကုမ္ပဏီက ကမ္ဘာ့ပထမဆုံး စက်ရုပ်ထိန်းချုပ် သွားခွဲစိတ်ခြင်းလုပ်ငန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

 

▪️ ပါဆက်ပ်တစ်ကုမ္ပဏီရဲ့ ဉာဏ်ရည်တု ပုံရိပ်ဖော်ဆော့ဖ်ဝဲကို စက်ရုပ်လက်ဖြင့် ပေါင်းစပ်ထားတာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ နည်းပညာပိုင်းမှာ စွန့်စားအောင်မြင်မှုတစ်ခု ဖြစ်လာပါတယ်။

 

▪️ ကိုလံဘီယာ ဘာရန်ကွီလာမှာ စတင်ပြုလုပ်ခဲ့ပြီး စက်ရုပ်က လူနာရဲ့သွားကို ထိုးဖောက်ဖြတ်တောက်ခဲ့ပါတယ်။

 

▪️ သွားကုသခြင်း လုပ်ငန်းစဉ်တွေမှာ ထိရောက်တိကျမှု မြှင့်တင်ပေးနိုင်ပြီး လူနာတွေအတွက် ပိုမိုကောင်းမွန်တဲ့ သွားနဲ့ခံတွင်း စောင့်ရှောက်မှု ရွေးချယ်နိုင်ခွင့်ရစေမယ်လို့ ကုမ္ပဏီစီအီးအို ဒေါက်တာ ခရစ္စစီရီယဲလိုက ပြောသွားပါတယ်။

 

▪️ နောက်ဆုံးရည်မှန်းချက်အနေနဲ့ အလိုအလျောက်စက်တွေ အသုံးပြုပြီး သွားအစားထိုးခြင်းနဲ့ အလားတူကုသမှုတွေကို ၁၅ မိနစ်တည်းဖြင့် ပြုလုပ်နိုင်ရန် ဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာသွားပါတယ်။

 

▪️ ထိုနည်းပညာဟာ စက်ရုပ်လက်များဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် လူနာသွားဖုံးအောက်ကို ပုံရိပ်ဖတ်ပြီး AI ကိုအသုံးပြုကာ ဆန်းစစ်သွားတာ ဖြစ်ပါတယ်။

 

▪️ AIစက်ရုပ်စနစ်ဟာ ရောဂါရှာဖွေရေးနဲ့ ကုသစီစဉ်မှုအတွက် သုံးဖက်မြင်အချက်အလက်များ အသုံးပြုပြီး စောစီးတိကျစွာ ရှာဖွေနိုင်မှာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ဒီစနစ်ဟာ အထူးစမ်းသပ်ဖန်တီးထားတာဖြစ်ပြီး သွားဆရာဝန်များအနေနဲ့ လူနာတွေကို ဘေးကင်းစွာ ကုသနိုင်ဖို့ အကူအညီပေးနိုင်ကြောင်း ဒေါက်တာ အက်ဒ်ဝပ်ဇူကာဘက်က ပြောပြပါတယ်။

 

▪️ မာ့ခ်ဇူကာဘက်ရဲ့အဖေက ပါဆက်ပ်တစ်အတွက် ဒေါ်လာသန်း ၃၀ ထောက်ပံ့ပေးထားသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

 

▪️ ဒီနည်းပညာဖြင့် ပိုမိုဘေးကင်းတိကျတဲ့ ရောဂါရှာဖွေမှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်မှ ဂျာမန်ဂယ်လူချီက ပြောပြသွားပါတယ်။

 

#Source: New York Post