Published 15 Nov 2021

ဗြိတိန်နိုင်ငံရဲ့ ဂျီအက်စ်ကေကုမ္ပဏီနှင့် ယင်းရဲ့မိတ်ဖက် ဗီယာတို့ဟာ ကိုယ်ခံအားကို အခြေပြုထားတဲ့ ကိုဗစ်-၁၉ ကုသဆေးကို စမ်းသပ်နေပြီး အခြေအနေကောင်းမွန်တယ်လို့ ပြောပါတယ်။ အဲဒီဆေးကို လက်မောင်းမှာဆေးထိုးတဲ့နည်းနှင့်  ပုံမှန်ဆေးသွင်း တဲ့နည်းနှစ်ခုစလုံးအသုံးပြုနိုင်ပါတယ်။အဲဒါကြောင့် ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကုသဆေး ဆေးထိုးတဲ့ နည်းသစ်ဖြစ်တဲ့ intramuscular injection အတည်ပြုနိုင်ရေးအတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါးဌာန အပါအဝင် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေနှင့်တော့ သူတို့ စကား  မပြောရသေးဘူးလို့  ဂျီအက်စ်ကေ ကပြောပါတယ်။ intramuscular injection ဆိုတာ ဆေးရုံသွားစရာမလိုဘဲ အိမ်ကမိသားစုဆရာဝန်နှင့်တင် ဆေးထိုးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

Sotrovimab ဆေးကိုတော့ အမေရိကန်ပြည်ထောင်စုမှာ အရေးပေါ်သုံးခွင့်ပြုထားပါတယ်။အဲဒီဆေးကို ကိုဗစ်-၁၉ ရောဂါ အပျော့စားနှင့် အလတ်စားခံစားနေရသူတွေ အခြေအနေဆိုးရွားမှုမဖြစ်အောင် ကာကွယ်ပေးဖို့ အသုံးပြုတာဖြစ်ပါတယ်။

ဥရောပဆေးဝါးအေဂျင်စီကလည်း သူ့အဖွဲ့ဝင်နိုင်ငံတွေ သုံးဖို့ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂရဲ့ ကျယ်ပြန်တဲ့ ခွင့်ပြုချက်ကတော့ အခုထိမရသေးပါဘူး။

အလားတူဆေးတွေကို အယ်လီလီလီ၊ရီဂျင်နရွန်နှင့် အက်စထရာဇီနင်ကာတို့ကလည်း ထုတ်လုပ်ထားကြပါတယ်။

အယ်လီလီလီကုထုံးကတော့ ဆေးသွင်းတာ၊drip ချိတ်ကုသတာတို့ပဲလုပ်နိုင်ပါသေးတယ်။ အက်စထရာဇင်နီကာရဲ့ ခုခံအားဆေးကတော့ လက်မောင်းကနေကြွက်သားထဲထိုးသွင်းရတာဖြစ်ပါတယ်။ အဲဒီဆေးက သုံးသပ်ဆဲဖြစ်ပါတယ်။  ရီဂျင်နရွန်နှင့် ROG.S တို့ကတော့ ဝမ်းဗိုက်နေ အရေပြားအောက်ကို  ဆေးသွင်းကုနည်း ဆေးထိုးကုနည်းဖြစ်တယ်လို့ ရိုက်တာက ရေးသားပါတယ်။

Source Reuters