Published 16 June 2024 
 
ဂျန်အိတ်စ်(Gen X)တွေက ယင်းတို့မိဘ အဘိုးအဘွားများထက် ကင်ဆာပိုမိုဖြစ်ပွားတာကို တွေ့ရှိရကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။ 
 
ဂျန်အိတ်စ်အပါအဝင် ရှေ့မျိုးဆက် ၂ ခုမှ လူပေါင်း ၁ သိန်းတို့ရဲ့ ကင်ဆာဖြစ်ပွားမှုများကို အကဲဖြတ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ 
 
ကင်ဆာဖြစ်ပွားကြတဲ့ အကြောင်းအရင်းတွေထဲမှာ အဝလွန်လာခြင်းနဲ့ အထိုင်များတဲ့ စားသောက်နေထိုင်မှု ပုံစံတို့ ပါဝင်နေပါတယ်။ 
 
ကင်ဆာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကိုလည်း ထပ်မံသုတေသလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ 
 
ဂျန်အိတ်စ် အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားတွေတော့ မတူညီကြပါဘူး။ 
 
ဂျန်ဝိုင်(Gen Y)တွေအတွက်တော့ ယင်းတို့ အသက်ကြီးလာတဲ့အခါ ကင်ဆာဘယ်လောက်အထိ ဖြစ်နိုင်သလဲဆိုတာတော့ ခန့်မှန်းဖို့ အချက်အလက်တွေ နည်းနေပါသေးတယ်။ 
 
တစ်ကမ္ဘာလုံးမှာ ကင်ဆာသုတေသနတွေကို ပိုမိုရင်းနှီးမြှုပ်နှံလာတာကြောင့် ဂျန်ဝိုင်တွေရဲ့ ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါတယ်။ 
 
ဆေးလိပ်နဲ့ အရက်သေစာ လျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ စားသောက်မှုပုံစံ ထိန်းသိမ်းခြင်း၊ မိခင်နို့တိုက်ကျွေးခြင်းတို့က ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ 
 
ကြိုတင်ကာကွယ်ရေးများ မလုပ်ဆောင်ဘူးဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်မားနေဦးမယ်လို့ သုတေသီများ သတိပေးလိုက်ပါတယ်။ 
Source: New York Post. 
#World_Health
#Published 16 June 2024
#YMG #Yangon_Times #Yangon_Media_Group