#World_News
Published 15 August 2024


▪️ ၁၀ လကြာမြင့်နေပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေး ဖိအားများနေတဲ့အချိန်မှာ ယခုသီတင်းပတ်အတွင်း ဆွေးနွေးမှုအသစ် မပြုလုပ်ခင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရန် ကြိုးပမ်းနေတဲ့ အမေရိကန်အပေါ် ယုံကြည်ချက်လျော့ပါးလာပြီလို့ ပါလက်စ်တိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်မှ ထိပ်သီးအရာရှိတစ်ဦးက ပြောလိုက်ပါတယ်။

 

▪️ ဆွေးနွေးမှုတွေက မေလက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အသေးစိတ်ဖော်ပြထားပြီး နိုင်ငံတကာက ထောက်ခံထားတဲ့ အဆိုပြုချက်အတိုင်း ကျင့်သုံးဖို့အတွက်သာ အလေးပေးဆွေးနွေးပါမှ ဟားမတ်စ်တို့ ပါဝင်မယ်လို့ အိုဆာမာဟမ်ဒန်က အင်္ဂါနေ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

 

▪️ အမေရိကန်က ထိုအဆိုပြုချက်ဟာ အစ္စရေးလ်တင်ပြတာလို့ ဆိုထားပြီး ဟားမတ်စ်က အခြေခံအားဖြင့် သဘောတူထားပါတယ်။

 

▪️ ဒါပေမဲ့ ဘိုင်ဒင်ရဲ့ပြောကြားချက်က အဆိုပြုချက်နဲ့ သိပ်ပြီးမညီညွတ်ဘူးလို့ အစ္စရေးလ်က ပြောပါတယ်။

 

▪️ ဒီနောက်မှာတော့ နှစ်ဖက်စလုံးက ပြောင်းလဲမှုများပြုလုပ်ဖို့ အဆိုပြုကာ သဘောတူညီချက်ကို နှောင့်ယှက်နေတယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

 

▪️ အပစ်အခတ် ရပ်စဲပြီးသည့်တိုင် ဂါဇာရှိ ဗျူဟာမြောက်နေရာ ၂ ခုမှာ စစ်တပ်နေရာချသွားဖို့ အစ္စရေးလ်က အလိုရှိနေတာကို ဟားမတ်စ်တို့က အထူးတလည် ငြင်းဆန်နေတာဖြစ်ပါတယ်။

 

▪️ ဆွေးနွေးမှုတွေက လုပ်ငန်းစဉ်များ ကျင့်သုံးရေးနဲ့ နောက်ဆုံးအချိန် သတ်မှတ်ခြင်းတို့ကိုသာ အခြေခံပြောဆိုသင့်ပြီး အကြောင်းအရာအသစ်ကို မညှိနှိုင်းသင့်ကြောင်း ဟားမတ်စ်အစိုးရနိုင်ငံရေး အဖွဲ့ဝင်ဟမ်ဒန်က ပြောပါတယ်။

 

▪️ ကြာသပတေးနေ့မှာစမယ့် ဆွေးနွေးပွဲမှာ ဟားမတ်စ်တို့ တက်ရောက်မလားဆိုတာ ဗုဒ္ဓဟူးညနေအထိ မသိရသေးပါဘူး။

 

▪️ အစ္စရေးလ်က ယုံကြည်ဖွယ်မရှိအောင် ပြုလုပ်နေတယ်လို့ ဟမ်ဒန်က စွပ်စွဲလိုက်ကာ အမေရိကန်အနေနဲ့လည်း အစ္စရေးလ်သဘောတူညီလာအောင် ဖိအားပေးနိုင်မယ်လို့ မယုံကြည်တော့ကြောင်း ပြောလာပါတယ်။

 

▪️ အစ္စရေးလ်ဝန်ကြီးချုပ်ကတော့ ဟားမတ်စ်တို့က ဓားစာခံတွေ လွှတ်ပေးရေး ဖြစ်မလာအောင် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

 

▪️ ဂါဇာစစ်ပွဲကနေ ဒေသတွင်းပဋိပက္ခကြီး ဖြစ်လာမှာစိုးတဲ့အတွက် စေ့စပ်ညှိနှိုင်းကြဖို့ အရေးတကြီး လိုအပ်လာပါတယ်။

 

▪️ အစ္စရေးလ်က ဟားမတ်စ်ခေါင်းဆောင်တွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း ဟမ်ဒန်က စွပ်စွဲလိုက်ပါတယ်။

 

#Source: AP News