#World_Health
Published 07 July 2024


▪️ နို့ထွက်ပစ္စည်းလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ အပူပေးပိုးသတ်ခြင်းနည်းလမ်းဟာ နို့ထဲမှာပါလာတဲ့ ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ထိထိရောက်ရောက် သတ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ကြကြောင်း အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

 

▪️ ဒါကြောင့် အနည်းဆုံး ပြည်နယ် ၈ ခုမှ နို့စားခြံတွေမှာ အလွန်ကူးစက်တတ်တဲ့ ငှက်တုပ်ကွေး၊ HPA1 H5N1 တို့ ပျံ့နှံ့နေပေမယ့် စတိုးဆိုင်တွေမှာရောင်းချတဲ့ ပိုးသတ်ပြီးနို့တွေကို သောက်သုံးခြင်းက စိတ်ချရဆဲဖြစ်တယ်လို့  FDA က ပြောပါတယ်။

 

▪️ အမေရိကန် စိုက်ပျိုးမွေးမြူရေးဌာက အချိန်များများပေးပြီး လေ့လာချက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ အပူပေးပေါင်းသတ်ခြင်း နည်းလမ်းက နောက်ဆုံးအဆင့် မရောက်မီမှာပင် ဗိုင်းရပ်စ်ကို သတ်ပစ်နိုင်တယ်လို့ စမ်းသပ်ချက်များအရ သိရပါတယ်။

 

▪️ ထိုဗိုင်းရပ်စ်မျိုးက ရောဂါကူးစက်တဲ့ နွားတွေကနေ နို့စားခြံတွေမှာအလုပ်လုပ်နေတဲ့ သူတွေနဲ့ အခြားတိရိစ္ဆာန်တွေထံ နို့စက်များစင်ရာကနေ ကူးစက်နိုင်ပါတယ်။

 

▪️ ရောဂါကူးစက်ခံထားရတယ်လို့ အတည်ပြုထားတဲ့ နွားတွေထံကနေ နို့စိမ်းတွေ မထုတ်လုပ်ထားဘူးလို့ အမေရိကန် စိုက်ပျိုးမွေးမြူရေးဌာနမှ အကြီးတန်းအကြံပေး အဲရစ်ဒီဘယ်လ်က ပြောပါတယ်။

 

▪️ စတိုးဆိုင်တွေမှာ ရောင်းချနေပြီး FDA မှ စမ်းသပ်ထားတဲ့ ပိုးသတ်ပြီးသားနို့တွေနဲ့ အခြားနို့ထွက်ပစ္စည်းတွေမှာတော့ ယခုအချိန်အထိ ကူးစက်နိုင်တဲ့ဗိုင်းရပ်စ် မတွေ့ရှိရပေမယ့် သေပြီးသားဗိုင်းရပ်စ် အပိုင်းအစတွေတော့ မြင်တွေ့ရပါတယ်။

 

▪️ ဒုတိယစမ်းသပ်ချက်ကိုလည်း ပြုလုပ်နေပြီး နို့စိမ်းကနေ ပြုလုပ်တဲ့ ဒိန်ခဲတွေကိုပါ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

 

#Source: CBS News