#WorldNews=

++++++++++++++++++++

Published 20 October 2021

 

လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်က

နောက်အပတ်မှာ အမှတ်တံဆိပ်နာမည်ပြောင်းဖို့ စီစဉ်နေတယ်လို့

the Verge ဝက်ဘ်ဆိုက်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။

 

ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က အောက်တိုဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့်

ကုမ္ပဏီနှစ်စဉ်တွေ့ဆုံဆွေးနွေးပွဲမှာ နာမည်ပြောင်းလဲဖို့အကြောင်း စီစဉ်ထားပြီး

မကြာခင်မှာ သိရတော့မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

ဖေ့စ်ဘွတ်ကတော့ ထင်ကြေးပေးချက်တွေကို ပြန်လည်ဖြေကြားသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်အစိုးရက ဖေ့စ်ဘွတ်ရဲ့ လုပ်ငန်းစဉ်အချို့ကို စစ်ဆေးသုံးသပ်နေချိန်မှာ

ဒီသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

နှစ်ဘက်စလုံးမှ ရှေ့နေတွေက ကုမ္ပဏီကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပြီး

ဖေ့စ်ဘွတ်ကို မကျေနပ်တဲ့အကြောင်းတွေ ဖော်ပြထားပါတယ်။

 

ဒီလိုအမှတ်တံဆိပ်နာမည်ပြောင်းလဲလိုက်ခြင်းဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်အက်ပ်လီကေးရှင်းကို မူလကုမ္ပဏီလက်အောက်က အက်ပ်လီကေးရှင်းတစ်ခုအနေနဲ့ သတ်မှတ်လိုက်သလိုဖြစ်ပြီး

Instagram, WhatsApp, Oculus တို့လို တခြားလက်အောက်ခံအက်ပ်လီကေးရှင်းတွေပုံစံ

ဖြစ်သွားမှာဖြစ်တယ်လို့ the Verge ကဆိုပါတယ်။

 

နာမည်ကြီးနည်းပညာကုမ္ပဏီတွေများစွာ တည်ရှိတဲ့ ဆီလီကွန်ဗယ်လီဒေသမှာ

ကုမ္ပဏီတွေဟာ သူတို့ရဲ့လုပ်ငန်းဝန်ဆောင်မှုကို တိုးချဲ့တဲ့အနေနဲ့ နာမည်တွေပြောင်းလဲတာဟာ

အဆန်းတော့မဟုတ်ပါဘူး။

Google ဆိုရင် Alphabet နာမည်နဲ့ ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပါတယ်။

သူတို့ရဲ့စီးပွားရေးအခြေအနေနဲ့ လေ့လာစူးစမ်းမှုတွေတိုးချဲ့ဖို့အတွက် နာမည်ပြောင်းလဲခဲ့ကာ

စီးပွားရေးလုပ်ငန်းအသစ်တွေ စွန့်စားတီထွင်ပြီး အလိုအလျောက်မောင်းနှင်တဲ့ မော်တော်ကားတွေနဲ့ ကျန်းမာရေးဆိုင်ရာနည်းပညာတွေကအစ အဝေးထိန်းနေရာတွေမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ နည်းပညာတွေအထိ တိုးချဲ့ခဲ့ပါတယ်။

 

ဖေ့စ်ဘွတ်နာမည်ပြောင်းခြင်း ရည်ရွယ်ချက်တွေထဲမှာ metaverse လို့ခေါ်တဲ့

အွန်လိုင်းကမ္ဘာတစ်ခုကို ဖန်တီးဖို့လည်း ပါဝင်နေပါတယ်။

ဖေ့စ်ဘွတ်က ဒီအစီအစဉ်မှာ တော်တော်များများရင်းနှီးမြှုပ်နှံထားပြီး ထို metaverse ကို သုံးမယ့်

၃ ဘီလီယံလောက်ရှိတဲ့ လူတွေဟာ ဖုန်း ကွန်ပျူတာစက်အမျိုးမျိုးကနေတဆင့် တကယ့်လက်တွေ့ဘဝမှာလို ပြောဆိုဆက်သွယ်သလိုမျိုး ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

 

ဒီ metaverse ကို ဖန်တီးဖို့အတွက် ဥရောပနိုင်ငံတွေမှာ အလုပ်အကိုင်ပေါင်း ၁ သောင်းခန့်ကို

နောက် ၅ နှစ်အတွင်း ဖန်တီးပေးသွားမှာဖြစ်တယ်လို့ အင်္ဂါနေ့မှာ ကြေညာသွားပါတယ်။

ဖေ့စ်ဘွတ်ရဲ့နာမည်အသစ်က Horizon စာလုံးနဲ့ပတ်သက်တဲ့ နာမည်တစ်ခုခုဖြစ်နိုင်တယ်လို့

the Verge က ဆိုပါတယ်။

 

Source CNA