#WorldNews

Published 21 Sept 2021

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံကူးစက်မှုကို ရပ်တန့်စေဖို့ စပ်ပေါင်းဆေးဝါးအသစ်ကို ကြိတင်တွက်ဆနိုင်မယ့် နက်ရှိုင်းသော စက်သင်ယူမှု deep learning စနစ်တစ်ခုကို တီထွင်လိုက်နိုင်ခဲ့ကြောင်း အမျိုးသားသိပ္ပံအကယ်ဒမီရဲ့ ထုတ်ပြန်ချက်များအရသိရပါတယ်။

အဲဒီလုပ်ငန်းနှင့်ပတ်သက်ပြီး အမ်အိုင်တီရဲ့ ကွန်ပျူတာသိပ္ပံနှင့် ဉာဏ်ရည်တု ဓာတ်ခွဲခန်းကလည်း အလားတူထွက်ပေါ်လာ ပါတယ်။

ယခင်ကတည်းက ကင်ဆာနှင့်နှလုံးရောဂါတို့လို နာမကျန်းမှုတွေကို တွန်းလှန်ဖို့ ဆေးအစပ်တွေနှင့်ပတ်သက်ပြီး နက်ရှိုင်းသောစက်သင်ယူမှုကို အသုံးပြုခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကဲ့သို့သော အချက်အလက်နည်းနည်းကလေးနှင့် ပညာရှင်တွေ အလုပ်လုပ်နေရတဲ့ နာမကျန်းမှုကိုတော့ တစ်ခါမှ သုံးစွဲဖူးခြင်းမရှိသေးပါဘူး။

အဲဒါကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ဖို့ ဆေးဝါးအစပ်အပေါင်းအသစ်တစ်ခု လိုအပ်လာပါတယ်။ အဲဒါကိုလုပ်ဆောင်ဖို့ ချည်းကပ်မှုအသစ်တစ်ခုလည်း လိုအပ်လာတာဖြစ်ပါတယ်။ သူတို့ဟာ ဆေးဝါးနှင့် ပစ်မှတ် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုနှင့် ဆေးဝါးမှဆေးဝါး synergy တွေကို ပူးတွဲလေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

အဆုံးမတော့ ကိုဗစ်-၁၉ကို ကုသဖို့ ဆေးအစပ်အသစ်ကို နှစ်ခုကို သူတို့ တွေ့ရှိခဲ့ကြပါတယ်။ ပထမအတွဲက Remdesivir ရမ်ဒီဆီဗီးယားနှင့် Reserpine ရက်ဆပင်းတို့ အတွဲဖြစ်ပြီး အဲဒီထဲက ရမ်ဒီဆီဗီယားကို အမေရိကန်အက်ဖ်ဒီအေက ခွင့်ပြုထား ခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအတွဲကတော့ ပထမအတွဲလိုပါပဲ ရမ်ဒီဆီဗီးယားပါဝင်ပြီး တွဲမှာက IQ-1S အိုင်ကျူ-၁အက်စ် ဖြစ်ပါတယ်။

“ ဒီဆေးတွေအကြား ဆက်သွယ်ဆောင်ရွက်မှုနှင့် ဇီဝပစ်မှတ်တွေကို ကွန်ပျူတာနှင့် ခန့်မှန်းပုံစံထုတ်ကြည့်တဲ့အခါ synergy အချက်အလက်အပေါ် မှီခိုရတာ လျှော့ကျသွားတယ်လို့ သိသိသာသာမြင်ရပါတယ်” လို့ ယခုသုတေသနကို ဦးဆောင်တဲ့ ဝမ်ဂေါင်ဂျင်းက ပြောပါတယ်။ သုတေသနအဖွဲ့တွေက ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်လုပ်ငန်းတွေ စူးစမ်းဖော်ထုတ်ဖို့ active learning ကိုလည်းဆက်လက် ဆောင်ရွက်ကြဖို့ စီစဉ်နေပါတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source JPost