၁၉ မေ ၂၀၂၄

CNN ရုပ်သံဌာနရဲ့  နာမည်ကြီး နိုင်ငံရေးသုံးသပ်သူနှင့် ဝါရင့် နိုင်ငံရေးအကြံပေးဖြစ်တဲ့ အဲလစ်စတီဝပ်ဟာ မေလ ၁၈ ရက် စနေ   နေ့က ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ သူမဟာ အသက် ၅၈နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အသက်မဲ့ခန္တာကိုယ်ကို ဗာဂျင်းနီးယားပြည်နယ်မြောက်ပိုင်း ဘဲလ်ဗျူးရပ်ကွက်မှာ အပြင်ဘက်တွင်တွေ့ရှိရတာပါ။

သေဆုံးရခြင်းနှင့်ပတ်သက်ပြီး အသတ်ခံရတဲ့လက္ခဏာမျိုး သံသယဖြစ်ဖွယ်မတွေ့ရဘူးလို့ ရဲက CNN ကိုအကြောင်းကြား ပါတယ်။ ရီပတ်ဗလီကင် မဲဆွယ်ပွဲများစွာအတွက်အလုပ်လုပ်ပေးခဲ့တဲ့ သူမဟာ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် သေဆုံးခဲ့ရပုံရတယ်လို့ ရဲတွေကယုံကြည်ထားကြပါတယ်။

CNN ကမ္ဘာလုံးဆိုင်ရာရဲ့ ဥက္ကဋ္ဌနှင့် စီအီးအို မတ်ခ်သော်မဆင်က အဆိုပါဝမ်းနည်းစရာသတင်းစကားကို ဝန်ထမ်းများထံသို့ အီးမေးလ်နှင့်အကြောင်းကြားခဲ့ပြီး မစ္စ စတီးဝပ်ကို “ အလွန်ခင်မင်ရတဲ့သူငယ်ချင်းတစ်ဦး” လို့သုံးနှုံးထားပါတယ်။

“ အဲလစ်ဟာ အလွန်ခင်မင်ရတဲ့ သူငယ်ချင်းတစ်ဦးဖြစ်ပြီး CNN မှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ CNN ရဲ့သတင်းထုတ်လွှင့်မှုတွေမှာ သူမဟာ တုနှိုင်းမရတဲ့ အမ်မီဆုရသတင်းစာဆရာမတစ်ဦးဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမား   တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီလို ထူးခြားလှတဲ့ ဆုံးရှုံးမှုခံစာနေရတဲ့အလျောက် ကျွန်တော်တို့နှလုံးသားတွေ လည်းကြေကွဲမဆုံးဖြစ်ရပါတယ်” လို့ စီအီးအို မတ်ခ်သော်မဆင်က ရေးသားပါတယ်။

သူမ ဘယ်လိုနာမကျန်းဖြစ်သွားရသလဲဆိုတာတေ့မသိကြရသေးပါဘူး။ အင်စတာဂရမ်မှာ သူမနောက်ဆုံးတင်ထားတဲ့ပို့စ်အရ သူမဟာ မသေဆုံးခင်တစ်ရက်အထိ ဘလစ်ဇာပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။

သူမဟာအတ္တလန်တာမှာ ၁၉၆၆ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ သူမဟာ ဒေသတွင်းသတင်းထောက်ကလေးတစ်ဦးအဖြစ်နှင့် အလုပ်စဝင်ခဲ့ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်မှာ သူမဟာ CNN ကို နိုင်ငံရေးသုံးသပ်သူတစ်ဦးအဖြစ် အလုပ်ဝင်ရောက်ခဲ့ပါတယ်။ သူမဟာမကြာသေးခင်သောကြာနေ့ကပဲ CNN ရဲ့ “The Situation Room with Wolf Blitzer." ပါဝင်ခဲ့ပါသေးတယ်။

Source: NDTV