#World_Health
Published 17 February 2025


▪️ ယနေ့ ဒီဂျစ်တယ်ခေတ်မှာ စမတ်ဖုန်းတွေ ဆိုရှယ်မီဒီယာတွေက လူငယ်တွေ ကလေးတွေကြားမှာ အတော်လေးပျံ့နှံ့ ရောက်ရှိနေပါတယ်။

▪️ အသက် ၁၀ နှစ်ခန့်အရွယ်မှာ ဦးနှောက်က သိသိသာသာ ပြောင်းလဲတဲ့အချိန်ဖြစ်ပြီး အခြားသူတွေထံမှ အာရုံစူးစိုက်မှု ခံလိုတဲ့အချိန်သို့ ဝင်လာတာ ဖြစ်ပါတယ်။

▪️ ဆယ်ကျော်သက်အရွယ်တွေမှာ လူမှုပေါင်းသင်းရေးနဲ့ ဆက်စပ်တဲ့ ဦးနှောက်ထဲမှ ဗင်ထရယ်စထရာတမ်ဆိုတဲ့ နေရာမှာ ပျော်ရွှင်မှုဟော်မုန်းတွေဖြစ်တဲ့ အောက်ဆီတိုဆင်နဲ့ ဒိုပါမင်တို့ များလာပါတယ်။

▪️ ဆိုရှယ်မီဒီယာ အသုံးပြုမှုတွေက ဦးနှောက်က ထိုအစိတ်အပိုင်းနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန် စိတ်ပညာအဖွဲ့အစည်းမှ မစ်ချ်ပရင်စတိန်းက ဆိုပါတယ်။

▪️ ဆိုရှယ်မီဒီယာတွေက အရွယ်ရောက်သူတွေရဲ့ ဦးနှောက်ထဲက စိတ်ကျေနပ်မှုစင်တာတွေကို လှုံ့ဆော်ပေးပြီး စိတ်ခံစားချက် ထိန်းချုပ်ပေးတဲ့ နေရာလည်း ဖွံ့ဖြိုးလာတာကြောင့် သက်ရောက်မှုတွေက သိပ်ပြီးဘေးမဖြစ်စေပါဘူး။

▪️ ဩစတြေးလျလို နိုင်ငံမျိုးမှာတော့ ဆက်သွယ်ရေးဝန်ကြီးက အသက် ၁၆ နှစ်အောက်ကလေးတွေမှာ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကိုပိတ်ပင်မယ့် ဥပဒေတင်သွင်းထားပါတယ်။

▪️ ဆယ်ကျော်သက်အရွယ်တွေမှာ ဆိုရှယ်မီဒီယာကြောင့် ဦးနှောက်က စိတ်ကျေနပ်မှုစင်တာကို အလွန်အကျွံ လှုံ့ဆော်လိုက်ပါတယ်။

▪️ တစ်နေ့ကို ဆိုရှယ်မီဒီယာတွေမှာ ၁၅ ကြိမ်နဲ့အထက် ကြည့်တဲ့ဆယ်ကျော်သက်တွေက ပြန်လည်တုံ့ပြန်မှုတွေကို ပိုပြီးထိလွယ်ရှလွယ် ဖြစ်လာပါတယ်။

▪️ ဆိုရှယ်မီဒီယာ အသုံးများခြင်းကြောင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်းလိုမျိုး စိတ်ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
အွန်လိုင်းမှ အနိုင်ကျင့်ခံရတာတွေ၊ အလှအပရေးရာ အယူမှားတွေ ကြုံတွေ့လာရနိုင်ပါတယ်။

▪️ ဒါ့အပြင် မူးယစ်ဆေးသုံးစွဲတာတွေ၊ သေကြောင်းကြံစည်မှုတွေပါဝင်တဲ့ အကြောင်းအရာတွေလည်း တွေ့လာရပါတယ်။

▪️ အွန်လိုင်းပေါ်ကသာ ပြောဆိုဆက်ဆံလာကြရာမှာ ပြင်ပလက်တွေ့ဘဝမှာ ပြဿနာတွေဖြေရှင်းဖို့ ခက်ခဲလာနိုင်ပါတယ်။

▪️ ဖုန်း၊ ကွန်ပျူတာကြည့်ချိန် ကြာမြင့်လာတာက အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ ဖန်တီးကြံဆမှုတွေမှာလည်း ထိခိုက်စေနိုင်ပါတယ်။

▪️ ဒါကြောင့် မိဘတွေက ကလေးတွေရဲ့ ဖုန်းအသုံးပြုချိန်ကို ကန့်သတ်လျှော့ချထိန်းသိမ်းခြင်းဖြင့် ပိုမိုကျန်းမာသန်စွမ်းပြီး ထူးချိန်တဲ့ဘဝတွေဆီ ရောက်စေနိုင်မှာဖြစ်ပါတယ်။

#Source: India Today