#World_Health
Published 19 January 2025


▪️ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျှော့ဖို့က လွယ်ကူပေမယ့် အာဟာရဓာတ်ချို့တဲ့ပြီး အားအင်နည်းပါးတာကိုတော့ အရေးတကြီး ဖြေရှင်းသင့်ပါတယ်။

▪️ လုံလောက်စွာ အနားယူပြီးသည့်တိုင်အောင် ကိုက်ခဲနာကျင်တာမျိုးတွေ ရှိနေသေးရင်တော့ ဘယ်လိုအာဟာရဓာတ် လိုအပ်နေလဲဆိုတာ စဉ်းစားကြည့်သင့်ပါပြီ။

▪️ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်များ ရရှိဖို့ မျှတစွာ စားသုံးဖို့က အရေးကြီးပါတယ်။

▪️ အားအင်ယုတ်လျော့စေတဲ့အထိ ဖြစ်စေတဲ့ ဗိုက်တာမင်ချို့တဲ့မှုတွေထဲမှာ ဗိုက်တာမင်-ဘီ၁၂က အရေးကြီးပါတယ်။

▪️ သူက သွေးနီဥဆဲလ်များ ထုတ်လုပ်ရာမှာ ပါဝင်ပြီး ချို့တဲ့ပါက သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။

▪️ ဗိုက်တာမင်-ဘီ၁၂ ကြွယ်ဝတဲ့ အစားအစာတွေက အသား၊ ငါး၊ ကြက်၊ ဘဲ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်နဲ့ အားဆေးများ ဖြစ်ပါတယ်။

▪️ ကမ္ဘာတဝှမ်းမှာ ဗိုက်တာမင်-ဒီ ချို့တဲ့လာကြပြီး နေထိုင်မှုပုံစံများနဲ့ ပတ်သက်နေပါတယ်။

▪️ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းမှ အဓိကရရှိသလို အချို့သောငါး၊ နို့တို့မှာလည်း ပါဝင်ပါတယ်။

▪️ ဗိုက်တာမင်-ဒီ ချို့တဲ့ပါက ခေါင်းကိုက်ခြင်း၊ အရိုးငြမ်းကိုက်ခဲခြင်း၊ အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဦးနှောက်စွမ်းရည် ချို့ယွင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

▪️ သံဓာတ်စုပ်ယူမှုနဲ့ စွမ်းအင်ဇီဝဖြစ်စဉ်ကို ထောက်ပံ့တဲ့ ဗိုက်တာမင်-စီ ချို့တဲ့ပါက ခန္ဓာကိုယ်မှာ ရောဂါဝင်တတ်ပြီး ဒဏ်ရာသက်သာမှု နှောင့်နှေးစေပါတယ်။

▪️ သံဓာတ်မလုံလောက်ပါက သွေးနီဥဆဲလ် နည်းပါးသွားပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။

▪️ အသားကြီး၊ ကြက်ဥ၊ ထမင်း၊ ပဲကြီးနဲ့ သံဓာတ်အားဖြည့်ဆေးတို့က ခန္ဓာကိုယ်တွင်း သံဓာတ်ပြန်ဖြည့်ပေးနိုင်ပါတယ်။

▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ချို့တဲ့ပါက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေသလို ပင်ပန်းနွမ်းနယ်ခြင်း၊ ပူပန်မှုမြင့်မားခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▪️ အဆီပါသောငါး၊ လျှော်စေ့၊ ချီယာစေ့၊ သစ်ကြားသီးတို့စားခြင်းဖြင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်ရရှိနိုင်ပါတယ်။

▪️ ဗိုက်တာမင်နဲ့ သတ္တုဓာတ် ချို့တဲ့မှု ဖြေရှင်းဖို့အတွက် အာဟာရမျှတစွာ စားသုံးခြင်း၊ အာဟာရဖြည့်တင်း အစားအစာစားသုံးခြင်း၊ ဖြည့်စွက်ဆေးသုံးစွဲခြင်း၊ အာဟာရဓာတ်ပေါများတဲ့ ပစ္စည်းများဖြင့် ချက်ပြုတ်ခြင်း၊ ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

#Source: Times of India