#World_Health
Published 29 December 2024
▪️ သက်လတ်ပိုင်း အရွယ်ရောက်တဲ့အခါ ဆံပင်စဖြူလာတဲ့ လက္ခဏာမျိုး ပေါ်လာတတ်ပြီး မော်လီကျူးအဆင့်နဲ့ ကြည့်ရင် ပြောင်းလဲမှုကြီး ၂ခု ဖြစ်လာတယ်လို့ သုတေသနအသစ်မှာ တွေ့ထားပါတယ်။
▪️ အသက်အရွယ် ကြီးရင့်လာတာက တဖြည်းဖြည်းချင်း ဖြစ်ပျက်တယ်လို့ လူအများထင်နေကြပေမယ့် ခန္ဓာကိုယ်ထဲက မော်လီကျူးတွေနဲ့ အဏုဇီဝပိုးမွှားများက အသက် ၄၄ နှစ်နဲ့ ၆၀ ဝန်းကျင်တို့မှာ သိသိသာသာ အတက်အကျ ဖြစ်သွားကာ အိုမင်းရင့်ရော်မှု အမြင့်ဆုံးဖြစ်ပေါ်တယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ မျိုးဗီဇပရော်ဖက်ဆာ မိုက်ကယ်ဆနိုက်ဒါက ဩဂုတ်လက Nature Agingဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
▪️ မော်လီကျူးအဆင့် ပြောင်းလဲမှုတွေဟာ နှလုံးသွေးကြောရောဂါ၊ အရေပြားနဲ့ ကြွက်သားကျန်းမာရေး၊ ကိုယ်ခံအားထိန်းညှိခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်နဲ့ အခြားနေရာတွေမှာ သက်ဆိုင်နေပါတယ်။
▪️ အသက်အရွယ်နဲ့ဆိုင်တဲ့ အယ်လ်ဇိုင်းမားရောဂါ၊ ကင်ဆာ၊ နှလုံးသွေးကြောရောဂါတို့ဟာ အသက်ကြီးတဲ့အခါ ဖြစ်နိုင်ခြေ အလွန်မြင့်တက်လာပါတယ်။
▪️ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ နန်ယန်နည်းပညာ တက္ကသိုလ်တို့မှ သုတေသီတို့က အသက် ၂၅ နှစ်မှ ၇၅ နှစ်ကြား လူပေါင်း ၁၀၈ ဦးထံမှ အချက်အလက်များရယူကာ ခန္ဓာကိုယ်ထဲက မော်လီကျူးနဲ့ ပိုးမွှားပြောင်းလဲမှုများကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ နှစ်တွေကြာအောင် စောင့်ကြည့်အပြီးမှာ ယင်းတို့ရဲ့ခန္ဓာကိုယ်ထဲက မော်လီကျူးနဲ့ ပိုးမွှားပေါင်း ၁၃၅၀၀၀ ကျော်မှာ ပြောင်းလဲမှုရှိတာကို ရှာတွေ့ခဲ့ကြပါတယ်။
▪️ အသက် ၄၀ ကျော်နဲ့ အစောပိုင်း ၆၀ ဝန်းကျင် ထိုနှစ်ချိန်မှာ မော်လီကျူးနဲ့ ပိုးမွှားပြောင်းလဲမှုကြီးတွေ မြင်တွေ့ခဲ့ကြပါတယ်။
▪️ ၆၀ ဝန်းကျင်မှာ ပြောင်းလဲတာက မထူးဆန်းပေမယ့် ၄၀ ကျော်မှာ အပြောင်းအလဲကြီး ဖြစ်တာကတော့ အံ့ဩစရာဖြစ်နေပါတယ်။
▪️ မော်လီကျူးတွေက ခန္ဓာကိုယ် လုပ်ဆောင်ချက်များ စနစ်များ ရောဂါများနဲ့ ဆက်စပ်နေပါတယ်။
▪️ ၄၀ ကျော်အရွယ်မှာ ပြောင်းလဲတာတွေက အယ်လ်ကိုဟော၊ ကဖင်း၊ အဆီဓာတ်ဇီဝဖြစ်ပျက်မှု၊ နှလုံးသွေးကြောရောဂါ၊ အရေပြားနဲ့ ကြွက်သားကျန်းမာရေးတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ အိုမင်းရင့်ရော်ခြင်းကို မရှောင်လွှဲနိုင်ပေမယ့် ထိုပြောင်းလဲမှုများကို နှောင့်နှေးစေနိုင်မယ့် နည်းလမ်းတွေရှိတယ်လို့ ဇီဝဗေဒကင်ဆာ ပရော်ဖက်ဆာ ရော်နယ်ဒီပင်ဟိုက ပြောပါတယ်။
#Source: Health.com