#World_Health
Published 23 January 2025
▪️ ဆယ်လ်မွန်နဲလားလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဟာ အများပြည်သူ ကျန်းမာရေးပြဿနာ ဖြစ်လာပြီး ပဋိဇီဝဆေးယဉ်ပါးကာ ဆေးကုသမှုတွေကို ခံနိုင်ရည်ရှိသလို ကူးစက်နေရာအမျိုးမျိုးကနေ ပျံ့နှံ့နိုင်ပါတယ်။
▪️ ရောဂါပိုးရှိနေတဲ့ အစားအစာတွေ၊ လူသားတွေ၊ တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်တတ်သလို ပန်စတိတ်သုတေသီများရဲ့ လေ့လာချက်မှာဆိုရင် အိမ်မွေးခွေးတွေကနေလည်း ကူးစက်နိုင်ပါတယ်။
▪️ ခွေးတွေနဲ့ လူတွေ နီးစပ်တဲ့အခြေအနေကို လေ့လာချက်မှာ အလေးပေးဖော်ပြထားပြီး ဆေးယဉ်ပါးဆယ်လ်မွန်နဲလားတွေက တိရိစ္ဆာန်ကနေ လူသားဆီ ကူးစက်နေတာ စိုးရိမ်စရာ ဖြစ်နေပါတယ်။
▪️ ခွေးတွေမှာ ဆယ်လ်မွန်နဲလားက ရောဂါလက္ခဏာ မပေါ်တတ်ဘဲ ဘက်တီးရီးယားကို သယ်ဆောင်ထားနိုင်ကာ အစားအစာများ သန့်ရှင်းစွာ မကိုင်တွယ်ခြင်း၊ အိမ်မွေးတွေကို ထိန်းသိမ်းရာမှာ မသန့်ရှင်းခြင်းတို့ကြောင့် ရောဂါကူးစက်နိုင်ခြေ များစေပါတယ်။
▪️ ဆယ်လ်မွန်နဲလားလို ဘက်တီးရီးယားက ကျန်းမာရေးအန္တရာယ်များစေပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဘက်တီးရီးယားတွေလည်း ရှိနေပါတယ်။
အိမ်မွေးတွေနဲ့ အနီးကပ်နေတဲ့အခါ ကျန်းမာရေးအန္တရာယ်များအကြောင်း သတိထားဖို့လိုပါတယ်။
▪️ အမေရိကန် FDA ထံမှ ဇီဝစောင့်ကြည့်ရေး အချက်အလက်များမှ ခွေးများရဲ့ ဆယ်လ်မွန်နဲလား ကူးစက်မှုတွေကို ဆန်းစစ်ခဲ့ရာ လူသားတွေမှ ကူးစက်မှုတွေနဲ့ ကိုက်ညီနေပါတယ်။
▪️ ခွေးတွေမှာတွေ့ရတဲ့ ရောဂါပိုးမျိုးနွယ်တွေဟာ လူသားတွေမှာ ဆေးယဉ်ပါးတဲ့ မျိုးနွယ်တွေဖြစ်နေပါတယ်။
▪️ ဒီအတွက် လက်ဆေးခြင်းလိုမျိုး တစ်ကိုယ်ရည် သန့်ရှင်းမှုအလေ့အထများ ပြုလုပ်ဖို့အရေးကြီးကြောင်း သုတေသနပြုစုသူ အန်ကူချီယာအမ်အီကာနာထာက ပြောသွားပါတယ်။
▪️ ဒီသုတေသနရဲ့ ရည်ရွယ်ချက်က အိမ်မွေးတိရိစ္ဆာန်မွေးခြင်းကို အားမပေးချင်တာမဟုတ်ဘဲ အန္တရာယ်တွေအကြောင်း သိရှိစေလိုတာ ဖြစ်ပါတယ်။
#Source: India Today