#World_Health
Published 18 February 2025
▪️ နယူးဟမ့်ရှိုင်းယားမှ အသက် ၆၆ နှစ်အရွယ် တင်မ်အန်ဒရူးဟာ ဝက်ကျောက်ကပ် အစားထိုးခွဲစိတ်မှုကို စွန့်စားခံယူခဲ့ပြီး ဝက်ကျောက်ကပ်နဲ့ အသက်ရှင်နေထိုင်နေတဲ့ ဒုတိယမြောက်လူသား ဖြစ်လာပါတယ်။
▪️ လူနာဟာ ကျောက်ကပ်သန့်စင်ခြင်း မလုပ်ရတော့ဘူးလို့ မာဆာချူဆက်စ် အထွေထွေဆေးရုံက သောကြာနေ့မှာ ကြေညာလိုက်ကာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ အစားထိုးခွဲစိတ်မှု ပြုလုပ်ပြီးနောက် ကောင်းစွာသက်သာလာပြီး တစ်ပတ်အကြာမှာ ဆေးရုံဆင်းသွားခဲ့ပါတယ်။
▪️ လူသားအင်္ဂါများ လှူဒါန်းတာတွေ ရှားပါးလာတဲ့အချိန်မှာ တိရိစ္ဆာန်ကနေ လူသားထံ အစားထိုးခွဲစိတ်မှုဖြင့် ဖြေရှင်းနိုင်ဖို့ အထောက်အကူ ဖြစ်လာပါတယ်။
▪️ ဝက်အင်္ဂါများဖြင့် ပထမဆုံးခွဲစိတ်မှု ၄ ခုပြုလုပ်ခဲ့ကြရာ အချိန်ခဏတာ အသက်ရှင်ခဲ့ကြပါတယ်။
▪️ ပဉ္စမမြောက်လူနာက NYUလန်ဂေါင်ဆေးရုံမှာ ဝက်ကျောက်ကပ် အစားထိုးခွဲစိတ်မှု ပြုလုပ်ပြီးနောက် ၂ လခွဲကြာအောင် အသက်ရှင်နေပါတယ်။
▪️ အန်ဒရူးသက်သာလာပုံကို စောင့်ကြည့်ပြီးတော့ မျိုးဗီဇပြုပြင်ဖန်တီးထားတဲ့ ဝက်ကျောက်ကပ်များအသုံးပြုတဲ့ နောက်ထပ်ခွဲစိတ်မှုနှစ်ခု ပြုလုပ်ဖို့ မတ်စ်အထွေထွေ ဘရစ်ဂန်မှဆရာဝန်များဟာ FDAခွင့်ပြုချက် ရရှိထားပါပြီ။
▪️ အစပိုင်းမှာ ဝက်ကျောက်ကပ်ဖြင့် လူနာ ၆ ဦးခွဲစိတ်နိုင်မှာဖြစ်ပြီး ယင်းတို့တွေ ၆ လကျော်တဲ့အထိ အခြေအနေကောင်းရင် နောက်ထပ်လူနာ ၅၀ အထိ ခွဲစိတ်နိုင်မှာ ဖြစ်ပါတယ်။
▪️ သိပ္ပံပညာရှင်တွေက ဝက်တွေရဲ့အင်္ဂါတွေ လူသားနဲ့ ပိုမိုဆင်တူလာရန် မျိုးဗီဇပြုပြင်ပြောင်းလဲကြတာ ဖြစ်ပြီး အမေရိကန်မှာ ကျောက်ကပ်လိုအပ်တဲ့ လူပေါင်း ၁ သိန်းကျော် စာရင်းရှိထားကာ ထောင်ချီက အသက်ဆုံးပါးဖို့ ရှိနေပါတယ်။
▪️ အန်ဒရူးက ဒီအတိုင်းဆက်သွားရင် အသက်အန္တရာယ်ရှိနိုင်စွမ်းကို သိထားတာကြောင့် ဝက်ကျောက်ကပ်ဖြင့် အစားထိုးခွဲစိတ်ပြီး စွန့်စားရန် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အန်ဒရူးတက်ရောက်ခဲ့တဲ့ ဆေးရုံဟာ အဆိုပါ အစားထိုးခွဲစိတ်မှု လက်တွေ့စမ်းသပ်ချက် အစိတ်အပိုင်းဖြစ်လာမယ့် ဆေးရုံနှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။
▪️ အန်ဒရူးကတော့ ကျောက်ကပ်ဆေးကြောခဲ့တဲ့ ဆေးခန်းသို့သွားရောက်ပြီး မျှော်လင့်ချက်ရှိတယ်ဆိုတာကို လူနာတွေထံ ပြောပြချင်နေပါတယ်။
#Source: New York Post