#World_Science
Published 16 March 2025

▪️ ဇီဝနည်းပညာကုမ္ပဏီ Colossal Biosciencesမှ သိပ္ပံပညာရှင်များက ရှေးခေတ်သားရဲတိရိစ္ဆာန်များကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေကာ အမွှေးရှည်ဆင်များကဲ့သို့ မျိုးသုဉ်းမျိုးစိတ်များနဲ့ ဆင်တူတဲ့ မျိုးဗီဇပြုပြင် သက်ရှိသတ္တဝါများကို ကြိုးပမ်းနေပါတယ်။

▪️ အမွှေးရှည်ဆင်တွေဟာ လွန်ခဲ့တဲ့နှစ် ၄,၀၀၀ ခန့်က မျိုးမသုဉ်းခင်အထိ ဥရောပ၊ အာရှ၊ မြောက်အမေရိကန်တို့မှ အေးခဲနေတဲ့ တန်ဒြာတွေမှာ လှည့်လည်နေထိုင်ခဲ့ကြပါတယ်။

▪️ Colossalကုမ္ပဏီက ၂၀၂၁မှာ အမွှေးရှည်ဆင်နဲ့ ဒိုဒိုငှက်တို့ကို ပြန်အသက်သွင်းမယ့် အစီအစဉ်ကို ချပြခဲ့ပြီး ယမန်နှစ်က တက်စ်မာနီယန်ကျားကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးပမ်းရာမှာ အောင်မြင်မှုရှိလာတယ်လို့ ဆိုပါတယ်။

▪️ ရှေးခေတ် DNAများကို လေ့လာပြီး မျိုးသုဉ်းသွားတဲ့ တိရိစ္ဆာန်တွေရဲ့ အဓိကဝိသေသလက္ခဏာများကို ရှာဖွေဖို့ အာရုံစိုက်ထားကြောင်း စီအီးအို ဘင်လမ်းက ပြောပါတယ်။

▪️ ပြင်ပသိပ္ပံပညာရှင်တွေကြားမှာတော့ ဒီလိုမျိုးသုဉ်းရှေးဟောင်းမျိုးစိတ်တွေကို ပြန်အသက်သွင်းမယ့် အစီအစဉ်က ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအတွက် အကူအညီဖြစ်စေမှာလားဆိုတာ အမြင်အမျိုးမျိုး ဖြစ်နေကြပါတယ်။

▪️ အင်္ဂါနေ့က Colossalဟာ ကြွက်သန္ဓေသားမှာ မျိုးဗီဇ ၇ ခုကို တပြိုင်တည်းပြုပြင်ခဲ့ပြီး Colossal အမွှေးရှည်ကြွက်လို့ခေါ်တဲ့ အမွှေးရှည်ရှည်ပွပွကြွက်တွေကို ဖန်တီးမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

▪️ သိပ္ပံပညာရှင်တွေက ၁၉၇၀ ဝန်းကျင်တွေတည်းက မျိုးဗီဇပြုပြင်မှုများ ပြုလုပ်နေပေမယ့် CRISPRလိုမျိုး နည်းပညာအသစ်တွေက ပိုမိုထိရောက်လွယ်ကူနိုင်စေမယ်လို့ ဘက်ဖလိုတက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ဗင်းဆင့်လင့်ချ်က ပြောပါတယ်။

▪️ အာတိတ်ရေခဲခေတ်တုန်းက အမွှေးရှည်ဆင်များ အသက်ရှင်နိုင်စေတဲ့ အအေးဒဏ်ခံနိုင်ရည်စွမ်းလိုမျိုး ဗီဇပြောင်းလဲမှုများကြောင့် လက္ခဏာ ၂ မျိုးကို သိပ္ပံပညာရှင်များ ရွေးချယ်ခဲ့ကြပါတယ်။

▪️ ကြွက်တွေကို အရင်ဆုံးအာရုံစိုက်လုပ်ဆောင်မှာဖြစ်ပြီး ဒီနောက်မှာမှ အမွှေးရှည်ဆင်တွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အာရှဆင်တွေရဲ့ သန္ဓေတွေကို ပြုပြင်မှာဖြစ်တယ်လို့ Colossalကပြောပါတယ်။

▪️ မွန်တာနာတက္ကသိုလ်မှ ပရက်စ်တန်က အမွှေးရှည်ဆင်မျိုးကို ပြန်ခေါ်တာမျိုး မဟုတ်ဘဲ အာရှဆင်ကို ပြောင်းလဲတာသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

▪️ ဒီလိုနည်းလမ်းများဖြင့် လူတွေမှာ ရောဂါတိုက်ဖျက်နိုင်ဖို့ အကူအညီဖြစ်စေနိုင်မယ်လို့ လမ်းက ပြောပါတယ်။

#Source: CBS News