#World_Science
Published 21 April 2025
▪️ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၇ ဘီလီယံခန့်က မွေးဖွားခဲ့တယ်လို့ ယူဆထားပြီး တစ်ချိန်ချိန်အဆုံးသတ်မယ်လို့ သိထားပေမယ့် ဘယ်အချိန်လဲတော့ မသိကြပါဘူး။
▪️ အိန္ဒိယဒဏ္ဍာရီအရတော့ ဒီစကြဝဠာကြီးရဲ့ သက်တမ်းဟာ ဗြဟ္မာသက်တမ်းနဲ့ ဆက်စပ်နေနိုင်ဖွယ် ရှိပါတယ်။
▪️ အူတာပရာဒက်ရှ်မှာရှိတဲ့ ကာရှီဗီရှဝါနက်ဘုရားကျောင်းမှာ ကြေးဝါပြားကြီးအပေါ်မှာ စိန်တိုင်ချောင်း ၃ ချောင်းထားရှိတယ်လို့ ယူဆထားပြီး ကမ္ဘာကြီးရဲ့ဗဟိုတည့်တည့်အဖြစ် ရှိနေပါတယ်။
▪️ ဒီဟာကို ဗြဟ္မာမျှော်စင်တိုင်လို့ခေါ်ပြီး တစ်ချောင်းစီဟာ လက်မ ၂၀ ခန့်မြင့်မားပါတယ်။
▪️ ဒီလောကကြီးကို ဘုရားသခင်ဖန်ဆင်းစဉ်က တစ်တိုင်စီမှာ ရွှေအဝိုင်းပြား ၆၄ ပြားစီထားရှိပါတယ်။
▪️ အောက်ဆုံးမှာ အကြီးဆုံးအပြားရှိပြီး အပေါ်ကအပြားတွေက တဖြည်းဖြည်းသေးသွားပါတယ်။
▪️ အပြားအားလုံးကို တတိယမြောက်တိုင်သို့ ရွှေ့ပြောင်းရမှာဖြစ်ပြီး တစ်ကြိမ်မှာ တစ်ပြားသာ ရွှေ့နိုင်ပါတယ်။
▪️ အလယ်ကတိုင်ကတော့ ကြားခံရွှေ့ပြောင်းဖို့ အသုံးပြုနိုင်ပြီး အဓိကက ပိုသေးတဲ့အပြားက ပိုကြီးတဲ့အပြားအောက်မှာ လုံးဝရှိလို့မရပါဘူး။
▪️ အိန္ဒိယပုံပြင်တွေအရဆိုရင် ဘုန်းကြီးတွေဟာ နေ့စဉ်နဲ့အမျှ ဒီပဟေဌိကို ဖြေရှင်းနေကြပြီး စည်းမျဉ်းတွေကို အပြည့်အဝလိုက်နာကာ အပြား ၆၄ ပြားစလုံး တတိယမြောက်တိုင်ကို ရွှေ့ပြောင်းပြီးတဲ့နေ့ဟာ ကမ္ဘာကြီးကြေပွပျက်စီးပြီး မိုးခြိမ်းသံနဲ့အတူ ကမ္ဘာမြေပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
▪️ ဘုန်းကြီးတွေသာ နာရီစက္ကန့်တိုင်း အမှားအယွင်းမရှိ ဆက်ပြီးဖြေရှင်းနေမယ်ဆိုရင် ပြောင်းရွှေ့အကြိမ်ပေါင်း ၁၈,၄၄၆,၇၄၄,၀၇၃,၇၀၉,၅၅၁,၆၁၅ ကြိမ်ရွှေ့ရဦးမှာဖြစ်ကာ နှစ်ပေါင်း ၅၈၄ နှစ်ကြာမြင့်မှာပါ။
▪️ ဗြဟ္မာနဲ့ စကြဝဠာသက်တမ်းနှစ်က ၁၀၀ ရှိတယ်လို့ဆိုထားကာ ဒီသက်တမ်းပြည့်ရင် စကြဝဠာအဆုံးသတ်မှာဖြစ်ပေမယ့် ယခုအချိန်မှာ ဗြဟ္မာသက်တမ်းနဲ့ဆိုရင် ၅ ရက်ပဲရှိပါသေးတယ်။
▪️ ရှေးခေတ်အိန္ဒိယတွေ တွက်ချက်ကြည့်ရာမှာ အပြား ၃ ပြားထဲဆိုရင် တတိယမြောက်တိုင်ကို ရွှေ့ပြောင်းဖို့ ၇ ကြိမ်သာရွှေ့ရမှာဖြစ်ပြီး ပုံသေနည်းက 2n - 1 ဖြစ်ပါတယ်။
▪️ ၆၄ ပြားစလုံးဆိုရင်တော့ ၁.၈၄ x ၁၀အညွှန်း၁၉ ကြိမ်ဖြစ်ကာ ပဟေဌိပြီးမြောက်ဖို့အတွက် လက်ရှိစကြဝဠာသက်တမ်းရဲ့ ၄၂ ဆလောက် ကြာမြင့်နိုင်ပါတယ်။
#Source: WION