#World_Health
Published 02 February 2025


▪️ အိန္ဒိယမှာ သွေးကင်ဆာ နောက်ပိုင်းအဆင့် ဒါမှမဟုတ် ပြန်လည်ဖြစ်ပွားခြင်း ခံစားနေရသူတွေအတွက် သက်ရှိဆေးတစ်မျိုးကို အသိအမှတ်ပြုလိုက်ပါတယ်။

▪️ Immuneel Therapeuticsဆိုတဲ့ ဘိုင်အိုတက်ခ်ကုမ္ပဏီက B-NHLလူနာတွေအတွက် CAR-T ဆဲလ်ကုထုံးဖြစ်တဲ့ Qartemiကို စတင်ထုတ်လုပ်လိုက်ကြပါတယ်။

▪️ ဒါဟာ ImmunoActမှ ထုတ်လုပ်တဲ့ NexCAR19ကို ဗဟိုဆေးဝါးစံနှုန်းထိန်းချုပ်ရေးအဖွဲ့ (CDSCO)က အသိအမှတ်ပြုပြီးနောက် အိန္ဒိယမှာ ဒုတိယမြောက် အသိအမှတ်ပြုခံရတဲ့ CAR-Tဆဲလ်ကုထုံး ဖြစ်လာပါတယ်။

▪️ သက်ရှိဆေးဆိုတာက သာမန်ဓာတုဆေးတွေနဲ့ ကွဲပြားပြီး ဆဲလ်တွေကနေ ပြုလုပ်ထားကာ ရောဂါခုခံတုန့်ပြန်မှုကို ကြာရှည်စေပါတယ်။

▪️ ဒီဆေးတွေက လူနာထံမှ ထုတ်ယူပြီး ပြုပြင်ပြောင်းလဲကာ ပြန်ထည့်သွင်းရတဲ့ ဆဲလ်ကုထုံးဖြစ်ပါတယ်။

▪️ လူနာတွေရဲ့ Tဆဲလ်များဖြင့် ကင်ဆာဆဲလ်တွေကို တိုက်ခိုက်အောင် မျိုးဗီဇအရ ပြုပြင်တဲ့နည်းလမ်း ဖြစ်ပါတယ်။

▪️ အိန္ဒိယမှာ သွေးကင်ဆာ အဖြစ်များလာကြပြီး နှစ်စဉ်ရောဂါဖြစ်ပွားသူ ၁၂၀၀၀၀ ခန့်နဲ့ သေဆုံးသူ ၇ သောင်းကျော် ရှိနေပါတယ်။

▪️ သာမန်ကုထုံးတွေနဲ့ အလုပ်မဖြစ်တဲ့သူတွေမှာ Qartemiက မျှော်လင့်ချက် ဖြစ်လာနိုင်ပါတယ်။

▪️ Qartemiက နိုင်ငံတကာက ကုထုံးတွေနဲ့ယှဉ်ရင် သိသာစွာ တတ်နိုင်ပြီး ကမ္ဘာ့စံချိန်စံနှုန်းများအတိုင်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အတွက် ဂုဏ်ယူရကြောင်း Immuneel Therapeutics စီအီးအို အေမစ်မူကင်က ပြောပါတယ်။

▪️ ဒီကုထုံးက ၃၅ ရူပီးနဲ့ ၅၀ ရူပီးကြားသာ ကျသင့်မှာဖြစ်ပြီး တခြားနည်းလမ်းတွေထက် များစွာသက်သာနေပါတယ်။

▪️ IMAGINEလို့ခေါ်တဲ့ စမ်းသပ်ချက်တွေကို ဆေးရုံကြီး ၃ ခုမှာ ပြုလုပ်ခဲ့ရာမှာ ဘေးကင်းစိတ်ချရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

▪️ ဒုတိယအဆင့် စမ်းသပ်ချက်မှာ တုံ့ပြန်မှုနှုန်းက ၈၃.၃ ရာခိုင်နှုန်းရှိထားပါတယ်။

#Source: India Today