#World_Health
Published 09 November 2024
▪️ Ozempic နဲ့ Wegovy တို့လို ဆေးတွေဟာ အရိုးအဆစ်ရောင်ရောဂါ ပြင်းထန်သူတွေမှာ ဒူးနာခြင်းကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်ကြီးတစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ဒီရောဂါဟာ အရိုးအစွန်ဘက်တွေမှာရှိတဲ့ အရိုးနုအလွှာမှာ ထိခိုက်ပျက်စီးတာကြောင့် အဓိကဖြစ်ပါတယ်။
▪️ အဆစ်ရောင်ရောဂါဟာ တင်ပါးဆုံးတွေမှာ အများဆုံးဖြစ်ပြီး ပေါင်ခြံနဲ့ တင်ပါးဘေးတို့မှာ နာကျင်ရသလို ဒူးဆစ်တွေမှာလည်း အဖြစ်များပြီး ဒူးရှေ့၊ ဘေးဘက်၊ နောက်ဘက်တို့မှာ နာကျင်တတ်လို့ NYU Langone မှ တင်ပါးနဲ့ဒူးအထူးကု ဒေါက်တာ ဗီနေးအက်ဂါဝယ်လ်က ပြောပါတယ်။
▪️ ဆီးချိုကုသဖို့ ထုတ်လုပ်ထားတဲ့ semaglutide ဆေးတွေဟာ အရိုးအဆစ်ရောင်လူနာတွေမှာ နာကျင်မှုကို သက်သာစေမယ်လို့ သုတေသီများ မျှော်လင့်ထားပါတယ်။
▪️ ရလဒ်တွေက ထင်ထားတာထက် ပိုပြီးကောင်းမွန်နေကြောင်း တွေ့ရှိထားပါတယ်။
▪️ တွေ့ရှိချက်အရ ဒူးနာခြင်းကို ၅၀ ရာခိုင်နှုန်းနီးပါးလောက် လျှော့ချနိုင်တာ တွေ့ရှိခဲ့တယ်လို့ ဒေါက်တာ ဘော့ကာတာက ပြောသွားပါတယ်။
▪️ ဒူးအဆစ်နာရောဂါ ခံစားနေရတဲ့ အဝလွန်လူနာ ၄၀၇ ဦးကို ထိုဆေးဝါးများထုတ်လုပ်တဲ့ နိုဗိုနော်ဒစ်ကုမ္ပဏီမှ စမ်းသပ်လေ့လာခဲ့ကြပါတယ်။
▪️ နာကျင်ခြင်းအမှတ်ကို ၁၀၀ သတ်မှတ်ရာမှာ စမ်းသပ်ပါဝင်သူတွေက ၇၀.၉ မှတ်လောက် နာကျင်ကြပါတယ်။
▪️ ဒီလိုနာကျင်မှုတွေကြောင့် သိပ်ပြီးလှုပ်ရှားမှု မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။
အများအားဖြင့် အမျိုးသမီးတွေဖြစ်ကာ ပျမ်းမျှအသက် ၅၆ နှစ်နဲ့ ပျမ်းမျှခန္ဓာကိုယ် BMI ၄၀.၃ ရှိပါတယ်။
▪️ BMI ၃၀နဲ့အထက်ကို အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။
Semaglutide သုံးစေတဲ့သူတွေဟာ ပျမ်းမျှကိုယ်အလေးချိန် ၁၃.၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး နာကျင်မှုအတိုင်းအတာလည်း ကျဆင်းသွားတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။
▪️ နာကျင်မှု အမှတ်က ၄၁.၇ လျော့ကျသွားတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
နာကျင်မှုကို ခွဲစိတ်ခြင်းဖြင့် ကုသနိုင်ပေမယ့် အလွန်အကုန်အကျ များတာကြောင့် ဒူးနာခြင်းအတွက် ထိရောက်တဲ့နည်းလမ်းတွေ လိုအပ်နေပါတယ်။
▪️ Semaglutide က အရိုးအဆစ်နာခြင်းကို ကုသရာမှာ နှစ်ဆလောက်ပိုထိရောက်ပြီး ကိုယ်အလေးချိန် လျော့စေတဲ့အပြင် ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
Wegovy ဆေးဟာ ဆီးချို၊ နှလုံးရောဂါရှိသူတွေမှာ လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကို တိုးတက်စေပြီး လေဖြတ်ခြင်း၊ နှလုံးသွေးကြောပြဿနာများကိုလည်း လျော့ကျစေနိုင်တယ်လို့ အထောက်အထား တွေ့ရှိထားပါတယ်။
#Source:New York Post