#World_Science
Published 09 February 2025


▪️ လူသားတွေရဲ့ နားရွက်ဟာ အသံတစ်ခုကို နားထောင်ချိန်မှာ ရွေ့လျားဖို့ကြိုးစားတယ်လို့ ဂျာမနီ ဆာလန်းတက္ကသိုလ်မှ လေ့လာထားပါတယ်။

▪️ တိရိစ္ဆာန်တွေမှာတော့ နားရွက်လှုပ်ရှားခြင်းက ပြုလုပ်နေကျဖြစ်ပြီး အသံတစ်ခုခုကို အာရုံစိုက်စေရုံမက အသံလားရာကိုလည်း ရှာဖွေစေနိုင်ပါတယ်။

▪️ လူသားနားရွက်တွေကတော့ ဒီထက်ပိုမို ငြိမ်သက်တဲ့သဘောရှိပေမယ့် အန်ဒရီယာရှရိုယာနဲ့ သုတေသနအဖွဲ့ကတော့ အခြားသဘော ထုတ်ဖော်လိုက်ပါတယ်။

▪️ ဒါဟာ ရှေးစဉ်ဆက်မျိုးရိုးတွေရဲ့ နားရွက်လားရာစနစ်ကြောင့် ဖြစ်လာတဲ့ အာရုံကြောရုပ်ကြွင်းကြောင့် ဖြစ်တယ်လို့ တွေ့ရှိလာပါတယ်။

▪️ လွန်ခဲ့တဲ့ နှစ် ၂၅ သန်းလောက်က မျိုးဆက်တွေဟာ နားရွက်လှုပ်ရှားနိုင်စွမ်း ပျောက်ဆုံးခဲ့ဖွယ်ရှိတယ်လို့ ပြောပါတယ်။

▪️ ဒါပေမဲ့ အာရုံကြောပတ်လမ်းတွေ အချို့အခြေအနေတွေမှာ ဆက်ရှိနေဆဲဖြစ်ပြီး နားရွက်လှုပ်ရှားစေတဲ့ အစိတ်အပိုင်းအချို့ ထိန်းသိမ်းထားဖွယ်ရှိတယ်လို့ ရှရိုယာက ဖော်ပြထားပါတယ်။

▪️ အဆိုပါ ကြွက်သားလှုပ်ရှားမှုတွေက အသံတစ်ခုကို နားထောင်ဖို့ ကြိုးစားတဲ့အခါမှာ ပါဝင်တယ်လို့ ဆိုလာပါတယ်။

▪️ အကြားအာရုံကောင်းတဲ့ လူ ၂၀ ဖြင့် စမ်းသပ်ကြပြီး စကားပြောတစ်ခုကို စပီကာဖွင့် နားထောင်စေကာ ထိုနေရာမှပင် အသံဖိုင်တစ်ခုကိုလည်း ဖွင့်ပေးခဲ့ပါတယ်။

▪️ ထိုအခါမှာ အားစိုက်ပြီးနားထောင်တဲ့အခါ လူသားတွေရဲ့ အသံပိုင်းလှုပ်ရှားမှုစနစ်က အလုပ်လုပ်တာကို တွေ့ရှိခဲ့ကြပါတယ်။

▪️ ဥပမာအားဖြင့် အခန်းလွတ်ကြီးတစ်ခုမှာ နားထောင်တဲ့အခြေအနေနဲ့ ဆူညံနေတဲ့နေရာမှာ နားထောင်တဲ့အခြေအနေတို့ကို နှိုင်းယှဉ်နားထောင်သလိုမျိုး ဖြစ်ပါတယ်။

▪️ ဘယ်သူကမှ နားရွက်တွေကို တမင်လှုပ်တာမျိုး မဟုတ်ဘဲ ရလဒ်တွေက ဒါတွေနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။

▪️ ဒီစမ်းသပ်ချက်က အတိုင်းအတာ သေးငယ်တာကြောင့် လူအများနဲ့ စမ်းသပ်ဖို့ လိုအပ်ပါသေးတယ်။

#Source: WION