#World_Health
Published 06 January 2025


▪️ ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်ရန်အတွက် ရှောင်ရှားသင့်တဲ့ အစားအစာ ၂ မျိုးကို အာဟာရအစားအစာ ပညာရှင်တစ်ဦး ပြောသွားပါတယ်။

▪️ ကင်ဆာဖြစ်နိုင်ခြေများစေတဲ့ စားစရာတွေအများကြီး ရှိတယ်လို့ သူများတွေ ပြောနေပေမယ့် တကယ်တမ်းတော့ ၂ မျိုးသာရှိတယ်လို့ ကင်ဆာဗေဒအထူးပြု အစားအသောက် အာဟာရပညာရှင် နီကိုးလ်အန်ဒရူးက ပြောပါတယ်။

▪️ ထို ၂ မျိုးက ထုပ်ပိုးထုတ်လုပ်ထားတဲ့ အသားတွေနဲ့ အယ်လ်ကိုဟောတို့ဖြစ်တယ်လို့ ဆိုပါတယ်။

▪️ သကြားက ကယ်လိုရီများစေပြီး ကိုယ်အလေးချိန် တက်စေပေမယ့် ကင်ဆာကို တိုက်ရိုက်မဖြစ်စေဘူးလို့ နီကိုးလ်က သူ့ရဲ့အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။

▪️ အဆီတစ်ရှူးတွေ အလွန်များလာတဲ့အခါမှာသာ ရောင်ရမ်းဟော်မုန်းတွေ ထွက်စေပြီး အကျိတ်ကြီးထွားမှုကို အားပေးတယ်လို့ ရှင်းပြပါတယ်။

▪️ အယ်လ်ကိုဟောက အဖွဲ့ ၁ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းမျိုးဖြစ်ပြီး ရင်သားနဲ့ အသည်းကင်ဆာတို့ ဆက်စပ်နေပြီး ထုပ်ပိုးထုတ်လုပ် အသားတွေကတော့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေများစေပါတယ်။

▪️ သကြားက သူကိုယ်တိုင်တော့ ကင်ဆာမဖြစ်စေပေမယ့် အဆီတစ်ရှူးများလွန်းရင်တော့ ကင်ဆာအမျိုးအစား ၁၃ မျိုးဖြစ်နိုင်ခြေ များတာနဲ့တော့ ဆက်စပ်နေပါတယ်။

▪️ ထုပ်ပိုးထုတ်လုပ်အသားတွေက ကင်ဆာဖြစ်နိုင်တာ သေချာပြီး အခြားအရာတွေက ဆေးလိပ်နဲ့ အယ်လ်ကိုဟောတို့ ဖြစ်တယ်လို့ ယူကေကင်ဆာသုတေသနကလည်း အတည်ပြုလိုက်ပါတယ်။

▪️ သကြားမပါ အစားအစာတွေက ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

▪️ ထုတ်လုပ်ထားတဲ့ အသားလို့ဆိုရာမှာ ကြာရှည်ခံအောင် အနံ့အရသာကောင်းမွန်အောင် ဓာတုဆေးများ ထည့်သွင်းထားတဲ့ အသားများ၊ ကြပ်တိုက်ခြင်း ဆားဖြူးခြင်းတို့ စီမံထားတဲ့ အသားများ ပါဝင်ပါတယ်။

▪️ ဒီလိုအသားတွေမှာ နိုက်ထရိတ်တွေနဲ့ နိုက်ထရိုက်တွေ ပါဝင်ပြီး စားမိတဲ့အခါ N-နိုက်ထရိုဆိုဖြစ်သွားပြီး အူနံရံတွေက ဆဲလ်တွေကို ထိခိုက်စေကာ အူမကြီးကင်ဆာ ဖြစ်စေနိုင်ပါတယ်။

#Source: Express