#World_Health
Published 23 October 2024


▪️ ရောင်ရမ်းခြင်းဖြစ်စဉ်က ဒဏ်ရာရခြင်း၊ ရောဂါဝင်ရောက်ခြင်း၊ တစ်ခုခုအန္တရာယ်ရှိတဲ့ လှုံ့ဆော်မှုတို့ကို ခန္ဓာကိုယ်ကနေ သဘာဝအလျောက် တုန့်ပြန်တာ ဖြစ်ပါတယ်။

 

▪️ အထူးသဖြင့် ရောဂါကူးစက်မှုများနဲ့ ထိခိုက်ဒဏ်ရာများကို ခုခံအားစနစ်ကနေ ကာကွယ်ပေးတာ ဖြစ်ပါတယ်။

 

▪️ ခဏတာ ရောင်ရမ်းခြင်းကြောင့် နီမြန်းခြင်း၊ ဖောရောင်ခြင်း၊ နာကျင်ပူလောင်ခြင်းတို့ ဖြစ်ရပေမယ့် ကြာရှည်လာတဲ့ အခါမှာတော့ ခုခံအားချို့ယွင်းခြင်း၊ အဝလွန်ခြင်း၊ ဖိစီးမှုခံစားရခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

 

▪️ လိုအပ်တဲ့ အာဟာရဓာတ်များ ဖြည့်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေးစွမ်းနိုင်တဲ့ အစားအစာများက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

 

(၁) နနွင်း
▪️ ရောင်ရမ်းခြင်းကို ဆန့်ကျင်နိုင်တဲ့ စွမ်းအားမြင့်ပစ္စည်းဖြစ်ပြီး သူ့မှာပါတဲ့ ကာကူမင်ဓာတ်က ရောင်ရမ်းခြင်းဖြစ်စေတဲ့ မော်လီကျူးတွေကို တားဆီးပေးပါတယ်။
အစားအစာတွေထဲ ထည့်သွင်းစားသုံးခြင်းဖြင့် ဖောရောင်ခြင်းကို သဘာဝအတိုင်း သက်သာစေပါတယ်။

 

(၂) ဂျင်း
▪️ သူ့မှာပါဝင်တဲ့ ဂျင်ဂျရောလ်က ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို ဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
အူလမ်းကြောင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်းတို့ကိုလည်း သက်သာစေပါတယ်။

 

(၃) အဆီပါသောငါး
▪️ ဆော်လ်မွန်၊ ငါးကွမ်းရှပ်၊ ဆာဒင်းငါးတို့က အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝပြီး ခန္ဓာကိုယ်ထဲက ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
အဆိုပါ အာဟာရဓာတ်တွေက ရောင်ရမ်းမော်လီကျူးများ ထုတ်လုပ်မှုကို လျှော့ချပေးကာ နှလုံးရောဂါ၊ အဆစ်ရောင်၊ နာတာရှည်ရောဂါများ တိုက်ဖျက်ပေးနိုင်ပါတယ်။

 

(၄) အစိမ်းရောင်ဟင်းရွက်များ
▪️ ဟင်းနုနွယ်၊ ကိုက်လံတို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်နေပြီး အစာခြေခြင်းကို ကူညီပေးတဲ့အပြင် အူလမ်းကြောင်းထဲက ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။

 

(၅) ဘယ်ရီသီးများ
▪️ ဘယ်ရီသီးတွေမှာ အန်သိုဆိုင်ယာနင်ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာ ပါဝင်ပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်ခြင်း၊ ဓာတ်တိုးခြင်းကို ဆန့်ကျင်ခြင်းစတဲ့ အစွမ်းသတ္တိများလည်း ရှိတာကြောင့် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို ကာကွယ်ပေးကာ နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

 

(၆) အခွံမာသီးများ
▪️ သစ်ကြားသီး၊ ဗာဒံစေ့တို့လို့ အခွံမာသီးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ၊ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။
အခွံမာသီးတွေကို နေ့စဉ်အနည်းငယ်မျှ စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းလက္ခဏာတွေ လျှော့ချပေးပါတယ်။

 

(၇) ချီယာစေ့
▪️ ချီယာစေ့ဟာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ အမျှင်ဓာတ်တို့ ကြွယ်ဝတာကြောင့် အစာခြေကျန်းမာရေးကို ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

 

#Source: DoctorNDTV