#World_Health
Published 23 October 2024
▪️ လေယာဉ်စီးနေတဲ့အချိန်မှာ အစားမစားသင့်ဘူးလို့ လက်စ်ဗေးဂတ်စ်မှ လေ့ကျင့်ခန်းနည်းပြ မိုက်ကယ်ရှီဒီက ပြောပါတယ်။
▪️ အူလမ်းကြောင်း လှုပ်ရှားမှုက လေယာဉ်အတွင်း ဖိအား၊ အမြင့်ပေတို့နဲ့ သက်ဆိုင်နေပြီး လေယာဉ်ပေါ်မှာ စားသောက်ခြင်းဖြင့် အစာကောင်းစွာမကြေဘဲ အစာအိမ်အူနံရံ ရောင်ရမ်းစေနိုင်တယ်လို့ ရှင်းပြပါတယ်။
▪️ ခရီးသွားလာခြင်းကြောင့် ခန္ဓာကိုယ်တွင်း သဘာဝဖြစ်စဉ်တွေ အနှောင့်အယှက် ဖြစ်ရတယ်လို့ ဟားဗတ်မှ အစာအူလမ်းကြောင်း ပညာရှင် ကိုင်းလ်စတော်လာက ပြောပါတယ်။
▪️ ကလိဗ်လန်းဆေးခန်းမှ ပညာရှင်များကလည်း လေယာဉ်ဖိအားကြောင့် အစာအိမ်ထဲ လေပွကာ အူနံရံတွေချဲ့လာပြီး ပျို့အန်ချင်သလို ခံစားရတာဖြစ်တယ်လို့ ရှင်းပြပါတယ်။
▪️ ဒီအတွက် လေဆိပ်ရောက်တဲ့အချိန်မှာ ဟမ်ဘာဂါ၊ အာလူးကြော်တို့လို အငန်များတဲ့ အစားအစာတွေ မစားဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
▪️ ဒယ်လ်တာလေကြောင်းလိုင်းမှ လေယာဉ်မှူး ပေါလ်ယာနိုဝစ်ဇ်ကလည်း ဆိုဒီယံများတဲ့ အစားအစာတွေကို ရှောင်ရှားသင့်တယ်လို့ သဘောတူလိုက်ကာ အမြင့်ပေ ၃ သောင်းလောက် ရောက်တဲ့အခါမှာ လေပွခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
▪️ အသံလွှင့်သရုပ်ဆောင် ရိုင်ယန်ပီနယ်ဒိုကတော့ လေယာဉ်ကို ပထမတန်းကနေ စီးရင်တောင် အကောင်းစား စားစရာတွေမစားဘဲ ရေနဲ့ ရေဓာတ်ဖြည့်အရည်များသာ သောက်သုံးတယ်လို့ ဖော်ပြထားပါတယ်။
▪️ မစားရရင် မနေနိုင်တဲ့ သူတွေအတွက်တော့ ရေဓာတ်များတဲ့ သခွားသီး၊ ငရုတ်ပွသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ဖရဲသီးတို့အပြင် ပရိုတိန်းပါတဲ့ စားစရာတွေ ယူဆောင်လာသင့်တယ်လို့ အာဟာရပညာရှင် ဂျိုဝုဒ်ဟာ့စ်က ပြောသွားပါတယ်။
#Source: New York Post