#World_Health
Published 11 January 2025


▪️ တစ်ညလုံး သောက်စားပျော်ပါးပြီး နောက်နေ့ကျ လေ့ကျင့်ခန်းလုပ်ဖို့ သင့်မသင့်ကို ကျွမ်းကျင်သူများ လေ့လာခဲ့ကြပါတယ်။

▪️ ဘွဲ့ကြိုကျောင်းသား ၁၆၇၆ ဦးကို လေ့လာခဲ့ရာမှာ ပြီးခဲ့တဲ့ ၃ လအတွင်း အနည်းဆုံးတစ်ကြိမ်တော့ အရက်နာကျဖူးပြီး တစ်ပတ်ကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မိနစ် ၃၀ ခန့် လုပ်ခဲ့ကြပါတယ်။

▪️ ပိုမိုပြင်းထန်တဲ့ လှုပ်ရှားမှုမျိုး လုပ်တဲ့သူတွေမှာ အရက်နာကျလက္ခဏာများ လျော့နည်းတာ တွေ့ခဲ့ကြပါတယ်။

▪️ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်လှုပ်ရှားခြင်းဖြင့် နာကျင်ကိုက်ခဲမှုကို ထိန်းညှိပေးပြီး အိပ်စက်မှုနဲ့ ဇီဝဖြစ်ပျက်မှုတို့ကို တိုးတက်စေတာကြောင့် ဖြစ်ပါတယ်။

▪️ အယ်လ်ကိုဟောကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၊ အစာခြေပြဿနာ၊ အအိပ်ပျက်ခြင်း၊ ပူပန်စိတ်ဖြစ်ခြင်းတို့ပင် ဖြစ်စေနိုင်တယ်လို့ ဖလိုးအက်သလက်တစ် ညွှန်ကြားရေးမှူး ဘင်လူးကပ်စ်က ပြောပါတယ်။

▪️ လေ့ကျင့်ခန်း လုပ်ခြင်းကနေ အခြားလက္ခဏာတွေ သက်သာနိုင်ပေမယ့် ရေဓာတ်ခန်းခြောက်နိုင်တာကိုတော့ သတိပြုသင့်ပြီး အရက်နာကျထားချိန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုး လုပ်သင့်လဲဆိုတာ မိမိဘာသာ ချင့်ချိန်ဆုံးဖြတ်သင့်ပါတယ်။

▪️ ဥပမာအားဖြင့် ကိုယ်က ရေဓာတ်အလွန်နည်းနေရင် ခပ်သွက်သွက်လမ်းလျှောက်ခြင်း ရေကူးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

▪️ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတွေက သွေးလည်ပတ်မှုကောင်းစေပြီး အင်ဒိုဖင်းလှုံ့ဆော်ပေးကာ ခံစားရတဲ့ လက္ခဏာများ သက်သာစေတယ်လို့ လေ့ကျင့်ခန်းဇီဝကမ္မပညာရှင် ဂလင်းဖစ်က ပြောပါတယ်။

▪️ ဒါပေမဲ့ ရေဓာတ်ခန်းခြောက်နေချိန် အာဟာရချို့တဲ့နေချိန်တို့မှာ လေ့ကျင့်ခန်းလုပ်ရင်တော့ ပိုဆိုးစေလိမ့်မယ်လို့ ဆိုပါတယ်။

▪️ အရင်တည်းက လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့သူတွေက အရက်နာကျခြင်းလက္ခဏာ အတော်လေး လျော့နည်းတာကို တွေ့ရပါတယ်။

▪️ အရက်နာကျပြီး နောက်နေ့လေ့ကျင့်ခန်း လုပ်ရာမှာ ပေါ့ပေါ့ပါးပါးသာ ဦးစားပေးသင့်ပြီး အာဟာရဓာတ်နဲ့ ရေဓာတ်ထိန်းသိမ်းဖို့လည်း အရေးကြီးကြောင်း ဖစ်က ပြောသွားပါတယ်။

#Source: New York Post