#World_Science
Published 31 January 2025


▪️ General Atomicsကုမ္ပဏီ Electromagnetic Systemsဟာ တစ်နေ့မှာအင်္ဂါဂြိုဟ် နဲ့အလွန်ဆီကို အချိန်ကုန်သက်သာစွာ သွားလာနိုင်မယ့် နျူကလီးယားလောင်စာတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ခဲ့ပါတယ်။

▪️ စမ်းသပ်ချက်များအရ ဒီလောင်စာဟာ နျူကလီးယားအပူတွန်းကန်အား ဓာတ်ပေါင်းဖိုရဲ့ ပြင်းထန်တဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိတယ်လို့ တွေ့ရှိရပါတယ်။

▪️ ဒါဟာ အာကာသထဲကို မမြင်တွေ့ဖူးတဲ့ အရှိန်နှုန်းဖြင့် သွားနိုင်မယ့် နျူကလီးယားဒုံးပျံကို စွမ်းအင်ပေးနိုင်မှာ ဖြစ်ပါတယ်။

▪️ သမားရိုးကျ ဒုံးပျံစနစ်တွေနဲ့ယှဉ်ရင် သွားလာချိန် များစွာလျှော့ချနိုင်မှာဖြစ်ကာ အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်သို့ ခန့်မှန်းခြေတစ်လလောက်ဖြင့် ရောက်ရှိနိုင်ဖွယ် ရှိပါတယ်။
လက်ရှိအသုံးပြုနေကြတဲ့ ဓာတုတွန်းကန်အားက စွမ်းဆောင်ရည်ပိုင်းမှာ အကန့်အသတ်ရှိနေပါတယ်။

▪️ ဒုံးပျံကြီးတွေက ပိုမိုမြန်ဆန်စွာဖြင့် ပိုမိုသယ်ဆောင်နိုင်ပေမယ့် လိုအပ်တဲ့လောင်စာကလည်း အလွန်များပြားပါတယ်။

▪️ လက်ရှိဓာတုဒုံးပျံအင်ဂျင်တွေ သုံးနေတဲ့ အာကာသယာဉ်ဆိုရင်အင်္ဂါဂြိုဟ်ကိုရောက်ဖို့ အချိန် ၆ လ ၇ လလောက်ကြာမြင့်နိုင်ပါတယ်။

▪️ နျူကလီးယားလောင်စာ စမ်းသပ်ချက်များအရ General Atomicsရဲ့လောင်စာဟာ အပူတွန်းကန်အား ဓာတ်ပေါင်းဖိုကြောင့် တိုက်စားပျက်စီးခြင်း မရှိဘူးလို့ တွေ့ရပါတယ်။
ဒုံးပျံလွှတ်တင်ချိန်မှာ နျူကလီးယားဒုံးပျံအင်ဂျင်ရဲ့ အပူချိန်က ၄၂၂၀ ဒီဂရီဖာရင်ဟိုက်လောက် ရှိပါတယ်။

▪️ General Atomicsကုမ္ပဏီ Electromagnetic Systemsက အင်္ဂါဂြိုဟ် နဲ့အလွန်ဆီကို အချိန်တိုအတွင်း ရောက်ရှိဖို့လိုအပ်တဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိတဲ့ ပထမဆုံးလောင်စာ ရှိထားပြီလို့ ဆိုလိုက်ပါတယ်။

▪️ ဒီလောင်စာက အပူချိန် ၃ ထောင်ကယ်လ်ဗင်အထိ ကောင်းစွာလုပ်ဆောင်နိုင်ပြီး သာမန်ဓာတုအင်ဂျင်တွေထက် ၂ ဆ ၃ ဆလောက်ပိုပြီး လုပ်ဆောင်နိုင်ကာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် မစ်ရှင်များအတွက် လိုအပ်တဲ့ စွမ်းဆောင်ရည်ရဖို့ ကိုက်ညီမယ့်လောင်စာကို နာဆာနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ General Atomics နျူကလီးယားနည်းပညာနဲ့ ကုန်ကြမ်းပစ္စည်း ဒုဥက္ကဌ ဒေါက်တာ ခရစ္စတီနာဘက်ခ်က ပြောသွားပါတယ်။

#Source: Yahoo