#World_Health
Published 25 February 2025

▪️ အပင်အခြေပြု စားစရာတွေက ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်းတို့ကို မြှင့်တင်ပေးနိုင်မယ်လို့ ဒေါက်တာ လူဂျီဖွန်တာနာက အကြံပြုထားပါတယ်။

▪️ အသက်ရှည်ကျန်းမာအောင် နေထိုင်ခြင်းက ခန္ဓာကိုယ်ကို သင့်လျော်တဲ့ အာဟာရဓာတ်များဖြင့် ဖြည့်တင်းပေးပြီး ဆဲလ်ပြုပြင်ခြင်းနဲ့ အူလမ်းကြောင်းကျန်းမာရေးကို လှုံ့ဆော်ပေးတယ်လို့ ဆစ်ဒနီတက္ကသိုလ်မှ ဖွန်တာနာက ဆိုပါတယ်။

▪️ အပင်အခြေပြုအစာများကို တစ်ပတ် ၂ ကြိမ်ကနေ စတင်စားသုံးကြည့်ပြီး ၅ ကြိမ်အထိ တိုးမြှင့်သွားနိုင်တယ်လို့ အကြံပြုထားပါတယ်။

▪️ မှန်ကန်သင့်လျော်စွာ ရွေးချယ်စားသုံးပါက အိုမင်းရင့်ရော်ခြင်းနဲ့ ရောင်ရမ်းမှုကို နှောင့်နှေးစေပြီး ဇီဝကမ္မဖြစ်စဉ်တွေ အားကောင်းစေကြောင်း၊ အပင်အခြေပြု စားစရာများ မလုံလောက်ပါက အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယားများ သေဆုံးစေပြီး ကိုယ်ခံအားစနစ် အားနည်းလာနိုင်ပါတယ်။

▪️ ဘက်စုံအာဟာရရှိတဲ့ စားစရာတွေထဲမှာ အသားဆိုတာထက် များစွာပတ်သက်နေပြီး လူတွေက အသားမစားဘဲနေပေမယ့် အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ စားစရာတွေ ဆက်စားနေတာကြောင့် လေဖြတ်ခြင်း၊ ဒီမန်ရှာ၊ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ခြေများလာတယ်လို့ ပြောပါတယ်။

▪️ လေ့လာချက်တစ်ခုမှာဆိုရင် အပင်အခြေပြု အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ စားစရာများကနေ ကယ်လိုရီ ၁၀ ရာခိုင်နှုန်း ပိုစားမိတိုင်းမှာ နှလုံးသွေးကြောပြဿနာတွေကြောင့် သေဆုံးနိုင်ခြေ ၁၂ ရာခိုင်နှုန်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း ပိုများလာတယ်လို့ တွေ့ရှိထားပါတယ်။

▪️ ရိုးရိုးရှင်းရှင်း အပင်အခြေပြုစားစရာများသာ အဓိကစားသုံးသူတွေကတော့ နှလုံးသွေးကြောရောဂါနဲ့ အသက်သေဆုံးနိုင်ခြေ လျော့ကျတာ တွေ့ခဲ့ကြပါတယ်။

▪️ အပင်အခြေပြုပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတွေထဲမှာ အဓိကအမျိုးအစား ၆ ခုက ဆန်ညို၊ ဂျုံ၊ မုယောစပါး၊ ပဲတောင့်၊ ကုလားပဲ၊ ပဲနီလေးတို့ ဖြစ်ပါတယ်။

▪️ ဒါတွေစားသုံးခြင်းဖြင့် ဆီးချို၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေ လျော့နည်းစေတဲ့အပြင် အမျှင်ဓာတ်၊ ပရိုတိန်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ထောက်ပံ့ပေးနိုင်တာကြောင့် နှလုံး၊ အစာခြေစနစ်နဲ့ အရိုးကျန်းမာရေးတို့ကို ကူညီပေးပါတယ်။

▪️ ဒါ့အပြင် အခွံမာသီးများ၊ အစေ့အဆံများ၊ သံလွင်ဆီလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ၊ အသီးအနှံများ၊ ဟင်းရွက်များကိုလည်း စားသုံးခြင်းဖြင့် ဘက်စုံကျန်းမာရေးကို ထောက်ကူပေးမှာ ဖြစ်ပါတယ်။

#Source: New York Post