#World_News

Published 03 January 2025

▪️ လတ်စ်ဗေးဂတ်စ်ရှိ ထရမ့်အပြည်ပြည်ဆိုင်ရာဟိုတယ် အပြင်ဘက်မှာ ပေါက်ကွဲရေးပစ္စည်းတွေ ထည့်ထားတဲ့ တက်စ်လာဆိုက်ဘာထရပ် ကားတစ်စီးပေါက်ကွဲခဲ့ပြီး ကားထဲက စစ်ရေးဂုဏ်ပြုဆုတံဆိပ်များရှင် တပ်သားဟာလည်း မပေါက်ကွဲခင်မှာ သူ့ကိုယ်သူ ခေါင်းကိုသေနတ်ဖြင့်ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ အာဏာပိုင်များက ကြာသပတေးနေ့မှာ ပြောပါတယ်။

▪️ ပေါက်ကွဲမှုက လူ ၇ ဦးမှာ ဒဏ်ရာအသေးစားသာရခဲ့ပြီး ဟိုတယ်ကို ထိခိုက်ခဲ့ခြင်းမရှိပါဘူး။

▪️ အသက် ၃၇ နှစ်အရွယ် ဂရင်းဘာရက်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မက်သရူးလစ်ဗယ်ဘာဂါက ပျက်စီးမှု ကြီးကြီးမားမားဖြစ်အောင် စီစဉ်ခဲ့ဟန်ရှိပေမယ့် ကားရဲ့စတီးလ်နံရံတွေက ပေါက်ကွဲမှုအားကို အများစုစုပ်ယူသွားတယ်လို့ ကလာ့ခ်ကောင်တီရဲမှူး ကယ်ဗင်မက်မာဟေးလ်က ပြောသွားပါတယ်။

▪️ ပေါက်ကွဲအားက အပေါ်သို့တက်သွားတာကြောင့် ယာဉ်အတွင်းပိုင်းလောက်သာ ထိခိုက်ပျက်စီးသွားကာ ပေအနည်းငယ်လောက်ဝေးတဲ့ ထရမ့်ဟိုတယ်တံခါးကို မထိခဲ့ဘူးလို့ ဆိုပါတယ်။

▪️ ဒီလိုမျိုး စစ်ရေးအတွေ့အကြုံရှိထားသူ တစ်ဦးဆီက ဒီလိုမျိုး ပြုလုပ်မယ်လို့ မထင်မိကြောင်း အထူးအေးဂျင့် ကင်နီကူးပါးက ပြောပါတယ်။

▪️ ထရမ့်ဟိုတယ်ရှေ့မှာ တက်စ်လာကားနဲ့ ဖောက်ခွဲတဲ့ ရည်ရွယ်ချက်အကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ လတ်စ်ဗေးဂတ်စ် FBI အထူးအေးဂျင့် စပန်ဆာအီဗန်စ်က ပြောသွားပါတယ်။

▪️ လစ်ဗယ်ဘာဂါဟာ ဂျာမနီမှာ နိုင်ငံရပ်ခြား တာဝန်ပေးအပ်ခံရတာကနေ မကြာသေးမီက ပြန်ရောက်လာပြီး သူသေဆုံးချိန်မှာ ခွင့်ယူထားတာ ဖြစ်ပါတယ်။

▪️ ကားထဲက ပစ္စည်းတွေထဲမှာ သေနတ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ ပတ်စ်ပို့၊ စစ်တပ်အိုင်ဒီကတ်၊ ခရက်ဒစ်ကတ်၊ အိုင်ဖုန်းတစ်လုံး၊ စမတ်နာရီတစ်လုံးတို့ တွေ့ရှိခဲ့ကာ သေနတ်နှစ်လက်စလုံးက တရားဝင်ဝယ်ယူထားတာ ဖြစ်ပါတယ်။

▪️ ယင်းဟာ အကြမ်းဖက်နှိမ်နှင်းရေး အထူးလေ့ကျင့်တပ်ဖွဲ့တွေဖြစ်တဲ့ ဂရင်းဘာရက်မှာ အမှုထမ်းခဲ့ကာ သူရသတ္တိဆုနဲ့ တိုက်ခိုက်ရေးဆုတံဆိပ်များ အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၅ ခု ရရှိထားပါတယ်။

▪️ တက်စ်လာလျှပ်စစ်ကားကိုတော့ စနေနေ့မှာ ဒင်ဗာကနေ ငှားရမ်းခဲ့တာဖြစ်တယ်လို့ မက်မာဟေးလ်က ပြောပါတယ်။

▪️ လျှပ်စစ်ကားအားသွင်းစခန်းတွေမှာ ရိုက်ကူးရရှိတဲ့ ဗီဒီယိုများအရ ဒီကားကို တစ်ဦးတည်း မောင်းနှင်နေတာဖြစ်တယ်လို့ သိရပါတယ်။

#Source: AP News