#World_Health
Published 18 March 2025

▪️ နေ့စဉ်ထိတွေ့သုံးစွဲနေရတဲ့ ပစ္စည်းတိုင်းနီးပါးမှာ မိုက်ခရိုပလတ်စတစ်အမှုန်များ ပါဝင်နေပါတယ်။

▪️ အဆိုပါ အမှုန်တွေက ဆန်စေ့ထက်ပင်သေးငယ်ကာ မျိုးပွားစနစ်၊ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်တို့ကို အန္တရာယ်ဖြစ်စေနိုင်ပြီး အူမကြီးနဲ့ အဆုတ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။

▪️ သိပ္ပံပညာစာစောင်တစ်ခုမှာ ဖော်ပြချက်အရ ရေသန့်ဗူးသောက်သုံးခြင်းကနေ ရေပိုက်ခေါင်းမှရေကို စစ်ထုတ်အသုံးပြုပြီး ပြောင်းလဲသောက်သုံးပါက တစ်နှစ်ကို မိုက်ခရိုပလတ်စတစ် ဝင်ရောက်မှုနှုန်း ၉ သောင်းကနေ ၄ ထောင်အထိ လျော့ကျနိုင်မယ်လို့ ဖော်ပြထားပါတယ်။

▪️ ထိုအမှုန်တွေကို လုံးဝဖယ်ရှားဖို့က လက်တွေ့မကျပေမယ့် ပလတ်စတစ်အမှုန် ဝင်ရောက်မှုရင်းမြစ်ကို လျှော့ချဖို့ကတော့ ဖြစ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

▪️ ရေသန့်ဗူးအတွင်းထဲမှ အမှုန်များကွာလာပြီး ရေထဲရောက်သွားတဲ့အခါ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနိုင်ပါတယ်။

▪️ ရေသန့်ဗူးနဲ့ သောက်တဲ့အကျင့် မပြင်နိုင်သေးဘူး၊ ရေပိုက်ခေါင်းရေကို စစ်ထုတ်လို့ မရသေးဘူးဆိုရင် ပလတ်စတစ်ပစ္စည်းများဖြင့် စားစရာများကို အပူပေးခြင်းမျိုး မလုပ်ခြင်းဖြင့်လည်း မိုက်ခရိုပလတ်စတစ် ဝင်ရောက်ခြင်းကို လျှော့ချနိုင်တယ်လို့ ရေးသားထားပါတယ်။

▪️ ပလတ်စတစ်ဗူးတွေနဲ့ မိုက်ခရိုဝေ့ဗ်ထဲ အပူပေးခြင်းက မိနစ်အတွင်းမှာပင် မိုက်ခရိုပလတ်စတစ်အမှုန်ပေါင်း ၄.၂၂ သန်းထွက်နိုင်ပါတယ်။

▪️ ကမ္ဘာပေါ်က ကုမ္ပဏီတွေကနေ နှစ်စဉ် ပလတ်စတစ်တန်ချိန်ပေါင်း သန်း ၄၆၀ မက်ထရစ်တန်နီးပါး ထုတ်လုပ်နေတယ်လို့ ယူဆရပြီး ၂၀၅၀ အရောက်မှာ ၁.၁ ဘီလီယံ မက်ထရစ်တန်အထိ မြင့်တက်လာမယ်လို့ မျှော်မှန်းရပါတယ်။

▪️ ပလတ်စတစ်မှုန်တွေကို လူ့ခန္ဓာကိုယ်ထဲက အချင်း၊ ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ ဝှေးစေ့၊ သွေးကြောတွေမှာ တွေ့ရတတ်ပါတယ်။

▪️ ဒီအမှုန်တွေက ဆဲလ်များကို ပျက်စီးစေကာ ရောင်ရမ်းမှုဖြစ်စေပြီး အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယားတွေရဲ့ မျှခြေကို နှောင့်ယှက်နိုင်ပါတယ်။

#Source: New York Post