#World_Health
Published 15 November 2024


▪️ ငါးကြီးဆီ ဖြည့်စွက်ဆေးတွေမှာ တွေ့ရလေ့ရှိတဲ့ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တို့ဟာ ကင်ဆာမှ ကာကွယ်ပေးနိုင်ပြီး ကင်ဆာ ၁၉ မျိုးဖြစ်ခြင်းမှ ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။

▪️ ယူကေမှ လူပေါင်း ၂ သိန်းခွဲထံကနေ အချက်အလက်များကို အခြေခံထားတာ ဖြစ်ပါတယ်။

▪️ လေ့လာစဉ်ကာလအတွင်း ထိုထဲက လူပေါင်း ၃ သောင်း ကင်ဆာဖြစ်ခဲ့ကြပါတယ်။

▪️ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ် မြင့်မားတဲ့ လူတွေမှာတော့ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရှိရပါတယ်။

▪️ အိုမီဂါ-၆ ဖက်တီးအက်ဆစ် မြင့်မားတဲ့သူတွေမှာ ဦးနှောက်ကင်ဆာ၊ အကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာအပါအဝင် ကင်ဆာ ၁၄ မျိုး ဖြစ်နိုင်ခြေနည်းပါးပြီး အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကတော့ အခြားကင်ဆာ ၅မျိုး ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

▪️ ဒါကြောင့် အဆိုပါဖက်တီးအက်ဆစ်တွေကို ပိုမိုစားသုံးပေးသင့်တယ်လို့ ဂျော်ဂျီယာကောလိပ်တက္ကသိုလ်မှ ဦးဆောင်သုတေသီ ယူချန်ကျန်းက ပြောသွားပါတယ်။

▪️ ဒီအက်ဆစ်တွေက ရောဂါဖြစ်ပြီးသားသူတွေမှာ အသက်ရှင်မှုနှုန်း များစေတယ်လို့ ဆိုလိုတာမဟုတ်ဘဲ ဖက်တီးအက်ဆစ်ပမာဏနဲ့ ကင်ဆာဖြစ်နိုင်ခြေကြား ဆက်စပ်မှုရှိတယ်လို့သာ ယူဆထားပါတယ်။

▪️ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တို့ဟာ လူ့ကျန်းမာရေးအတွက် အကျိုးပြုအဆီတွေလို့ သတ်မှတ်ပြီး ဆော်လ်မွန်ငါး၊ ငါးသေတ္တာ၊ ငါးကွမ်းရှပ်၊ အခွံမာသီးများနဲ့ လျှော်စေ့၊ ချီယာစေ့တို့မှာ ပါဝင်ကြပါတယ်။

▪️ အမေရိကန်မှာ ထိုအစားအစာတွေ လုံလောက်စွာ မစားကြတာကြောင့် ကျန်းမာရေးအတွက် ဖြည့်စွက်အားဆေးတွေသာ အသုံးပြုနေကြပါတယ်။

▪️ ဒီတွေ့ရှိချက်တွေက အားလုံးနဲ့ သက်ဆိုင်တယ်လို့ မဆိုနိုင်ပေမယ့် များများစားပေးရင် ကျန်းမာရေးအကျိုးကျေးဇူး ရနိုင်ပါတယ်။

▪️ ဖက်တီးအက်ဆစ်များ စားပေးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိကာ ကင်ဆာကာကွယ်ရေးများ ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

#Source: The Jerusalem Post