#World_Health
Published 10 April 2025

▪️ နေ့ခင်းအချိန်တွေမှာ အမြဲလိုလို လေးလံငိုက်မျဉ်းတတ်တာဟာ အသက်အရွယ်ကြီးလာခြင်းအပြင် ဒီမန်ရှာရောဂါ သတိပေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

▪️ လေ့လာချက်အသစ်တစ်ခုမှာ နေ့ခင်းအချိန်အတွင်း အိပ်ငိုက်တတ်တာဟာ စိတ်ပိုင်းကျန်းမာရေး ကျဆင်းလာတဲ့ လက္ခဏာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

▪️ အသက် ၈၀ ဝန်းကျင်ရှိ အမျိုးသမီး ၇၃၃ ဦးကို ဆန်းစစ်ခဲ့ကြရာ အချိန် ၅ နှစ်တာအတွင်း နေ့ခင်းပိုင်း ပင်ပန်းနွမ်းနယ်လွယ်တဲ့ သူတွေက ဒီမန်ရှာဖြစ်နိုင်ခြေ နှစ်ဆနီးပါးလောက်ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

▪️ အိပ်စက်ခြင်းဆိုတာဟာ ဦးနှောက်အနားယူ အားဖြည့်တယ်လို့ သိထားပေမယ့် အိပ်စက်ခြင်းနဲ့ ဦးနှောက်အသိဉာဏ်တို့ကြား အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ၊ နောက်ပိုင်းမှာ ဒီမန်ရှာဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုတွေအကြောင်းတော့ သိပ်ပြီး မသိကြဘူးလို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စိတ်ကျန်းမာရေးဆိုင်ရာ တွဲဖက်ပါမောက္ခ ယွဲ့လန်က ပြောထားပါတယ်။

▪️ အသက်ကြီးလာရင် ကိုယ်တွင်းနေ့ညစက်ဝန်း ပြောင်းလဲလာပြီး စောစောအိပ်ချင်လာတယ်လို့ Optimal Circadian Healthတည်ထောင်သူ ဒေါက်တာ ဒီလန်ပတ်ကပ်စ်က ပြောထားပါတယ်။

▪️ နေ့ခင်းပိုင်း ငိုက်မျဉ်းခြင်းက ဒီမန်ရှာဖြစ်စေတယ်ဆိုတဲ့ အထောက်အထား မဟုတ်ပေမယ့် ဆက်စပ်မှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

▪️ အသက် ၈၀ ဝန်းကျင် အမျိုးသမီးတွေမှာ ၅ နှစ်တာအတွင်း အိပ်စက်ပုံ၊ တရေးအိပ်ပုံ၊ နေ့ညစက်ဝန်းတို့ သိသိသာသာ ပြောင်းလဲသွားနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ လန်က ပြောပါတယ်။

▪️ ၂၀၂၂ လေ့လာချက်အရဆိုရင် နေ့ခင်းဘက်တိုင်း တစ်နာရီကျော်လောက် အိပ်လေ့ရှိသူတွေဟာ တစ်နာရီအောက် အိပ်လေ့ရှိသူတွေထက် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများနေပါတယ်။

▪️ တရေးအိပ်တတ်ခြင်းနဲ့ ဒီမန်ရှာတို့ကြား ဆက်စပ်မှုဟာ နေ့အချိန်အတွင်း လူကိုနိုးကြားအောင် ထိန်းသိမ်းပေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေမှာ ရောဂါဖြစ်လာတာကြောင့်လို့ ကျွမ်းကျင်သူများ ယူဆကြပါတယ်။

#Source: New York Post