#World_Health
Published 23 April 2025
▪️ တက်တူးလို့ခေါ်တဲ့ ဆေးမင်ကြောင်တွေဟာ လူ့ယဉ်ကျေးမှု အစိတ်အပိုင်းမှာ နှစ်ထောင်ချီတိုင်အောင် ရှိနေခဲ့ပါတယ်။
▪️ လူမျိုးရေး ဘာသာရေးအမှတ်အသားကစလို့ ယနေ့ခေတ် ခေတ်မီဒီဇိုင်းပုံများအထိ ရှိလာပြီး ကမ္ဘာအနှံ့မှာ အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်ပါတယ်။
▪️ တက်တူးပညာရှင်များ ထိုးပေးတဲ့အခါ ဘေးကင်းစိတ်ချနိုင်ပေမယ့် ဆရာဝန်တွေက ကျန်းမာရေးအန္တရာယ်များအကြောင်း သတိပေးလာပါတယ်။
▪️ တက်တူးထိုးတဲ့အခါ အရေပြားကို အပ်ဖြင့်ဖောက်ရပြီး dermisလို့ခေါ်တဲ့ အရေပြားဒုတိယလွှာအထိ မင်ကိုထိုးသွင်းရပါတယ်။
▪️ ဒီဖြစ်စဉ်က နောက်နှစ်တွေကြာလာတဲ့အခါ တစ်ခါတရံ ပြဿနာဖြစ်လာနိုင်ပါတယ်။
▪️ "မင်က အထဲကိုနက်သည့်အထိ ဝင်ရောက်တဲ့အခါ ဒါမှမဟုတ် ပစ္စည်းကိရိယာများ မသန့်ရှင်းတဲ့အခါ ရောဂါကူးစက်မှု ဖြစ်လာနိုင်ပြီး အရေပြားအောက် အဖုရောဂါများ၊ မှိုကူးစက်မှုများ ဖြစ်လာနိုင်တယ်" လို့ အပိုလိုဆေးရုံမှ အရေပြားဆရာဝန်ကြီး ဒေါက်တာ ဗီဂျင်ဒရန်က ရှင်းပြပါတယ်။
▪️ နောက်တစ်မျိုးက အချို့လူတွေမှာ အမာရွတ်ထူထဲလာပြီး အလွယ်တကူ မပျောက်တော့ဘဲ ရှိနေတတ်ပါတယ်။
▪️ အရည်အသွေးမကောင်းတဲ့ မင်ရည်တွေဆိုရင် မာကျူရီဆား ဒါမှမဟုတ် ဒိုင်ခရိုမိတ်တို့လို အန္တရာယ်ရှိအရာများ ပါဝင်နေနိုင်ကာ အရေပြားပျက်စီးခြင်း၊ ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ပြဿနာအများစုက တက်တူးထိုးပြီးလို့ ၂ ပတ်အတွင်း ပေါ်ပေါက်လာနိုင်ပြီး အပ်တွေမသန့်ရှင်းရင် အသည်းရောင်-ဘီ၊ စီ၊ HIV၊ ဘက်တီးရီးယားကူးစက်မှုများ ဖြစ်နိုင်ပါတယ်။
▪️ အရေပြားရောဂါရှိပြီးသား လူတွေမှာ တက်တူးထိုးတဲ့အခါ ပိုဆိုးသွားပြီး အကွက်များ ပျံ့နှံ့လာတတ်တယ်လို့ ယာရှိုဒါစူပါအထူးကုဆေးရုံမှ အရေပြားဆရာဝန် ဒေါက်တာ ဆာရီတာဆန်ကဲက ပြောပါတယ်။
▪️ တက်တူးက တသက်လုံးစွဲနေမယ့်အရာဖြစ်ပေမယ့် လေဆာကုသနည်းဖြင့် ဖယ်ရှားနိုင်ပါတယ်။
▪️ တက်တူးဆိုတာက ပိုမိုကြည့်ကောင်းစေနိုင်ပြီး အဓိပ္ပာယ်တွေကိုလည်း ဖော်ဆောင်နိုင်သလို ဘေးအန္တရာယ်လည်း ရှိနိုင်တာကြောင့် ထိုးမယ်ဆိုရင် သန့်ရှင်းတဲ့ လိုင်စင်ရတက်တူးဆိုင်များမှ ပညာရှင်များနဲ့သာ ဆောင်ရွက်သင့်ပါတယ်။
#Source: India Today